လီဗာပူးလ္၊ခ်ဲလ္ဆီးကစားသမားေတြထက္ ဂ်က္ဂရီးလစ္ရွ္ရဲ႕ေျခစြမ္းဟာ သာတယ္လို႔ခ်ီးက်ဳးခံေနရ

မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔မန္စီးတီးအသင္းအပါအဝင္အသင္းႀကီးအမ်ားစုရဲ႕စိတ္ဝင္စားျခင္းကိုခံေနရတဲ့ ဂ်က္ဂရီးလစ္ရွ္ရဲ႕ေျခစြမ္းဟာ ထိပ္တန္းအဆင့္ရွိတဲ့အတြက္လီဗာပူးလ္၊ ခ်ဲလ္ဆီးအသင္းတို႔က ကစားသမားအခ်ိဳ႕ရဲ႕ေျခစြမ္းထက္သာတယ္လို႔ဗီလာကစားသမားေဟာင္းအန္ဒီဂေရးေျပာၾကားလိုက္ပါတယ္။ အန္ဒီဂေရးက ဂ်က္ဂရီးလစ္ရွ္အေနနဲ႔အဂၤလန္အသင္းမွာပါဝင္ခြင့္ရဖို႔ဆိုရင္ ပရီးမီးယားလိဂ္ထိပ္သီးေျခာက္သင္းထဲကတစ္သင္းသင္းကိုေျပာင္းသင့္တယ္လို႔လည္း အႀကံျပဳခဲ့ပါေသးတယ္။

ဂေရးက “ သူက ဗီလာပရိတ္သတ္ဆိုတာသိပါတယ္။ သူ႔မိသားစုကလည္းဗီလာပရိတ္သတ္ပါပဲ။ သူ ဒီအသင္းကိုခ်စ္ၿပီး အခုဆိုအသင္းေခါင္းေဆာင္ေတာင္ျဖစ္ေနပါၿပီ။ ဒါေပမဲ့ ဂ်က္က အခုအသက္(၂၄)ႏွစ္ေရာက္ေနပါၿပီ။ ရာသီကုန္မွာဆုံးျဖတ္ခ်က္တစ္ခုခ်လိမ့္မယ္လို႔ကြၽန္ေတာ္ထင္ပါတယ္။ ကြၽန္ေတာ့္အျမင္ေျပာရရင္ ဂရီးလစ္ရွ္က လီဗာပူးလ္အသင္းကစားသမားေတြထက္ပိုေကာင္းပါတယ္။ ကီတာထက္ေကာင္းသလို ဝစ္နယ္ဒန္းထက္လည္းေကာင္းပါတယ္။ မန္စီးတီးဘက္ကေျပာရင္လည္း ဖိုဒန္ထက္ေကာင္းသလို ခ်ဲလ္ဆီးကေမဆန္ေမာင့္ထက္လည္းေကာင္းပါတယ္။

ခင္ဗ်ားလူတစ္ေယာက္ကိုေဘာလုံးေပးလိုက္တဲ့အခါ ကြင္းထဲမွာဘယ္သူကအသင့္ရွိေနတယ္ဆိုတာကိုၾကည့္ရပါတယ္။ ဂ်က္ကေတာ့ သူ႔ရဲ႕ေျခေထာက္ထဲမွာေဘာလုံးကိုႏိုင္ႏိုင္နင္းနင္းထိန္းထားႏိုင္ၿပီး စပယ္ရွယ္ကစားသမားပါ။ သူက အသက္(၂၄)ႏွစ္ပဲရွိေသးတဲ့အတြက္ အမွားေတြလုပ္ႏိုင္ပါေသးတယ္။ သူ႔အတြက္ေဘာလုံးကအစိတ္အပိုင္းတစ္ခုပါပဲ။ သူလွလွပပေရွ႕ဆက္ေနတာပါ။ သူဂိုးေတြသြင္းသလို တျခားကစားသမားေတြအတြက္ အခြင့္အေရးေတြဖန္တီးေပးတဲ့သူပါ။ ၿပီးေတာ့ အလုပ္ႀကိဳးစားသူလည္းျဖစ္ပါတယ္”လို႔မွတ္ခ်က္ေပးသြားပါခဲ့ပါတယ္။

ဂရီးလစ္ရွ္ဟာ ဒီရာသီပရီမီးယားလိဂ္ရဲ႕ ထိပ္တန္းေျခစြမ္းျပသႏိုင္တဲ့ကစားသမားေတြထဲကတစ္ဦးျဖစ္ၿပီး ဗီလာအသင္းကိုဦးေဆာင္ကစားေနသူျဖစ္ပါတယ္။ ဒါေၾကာင့္ ဂရီးလစ္ရွ္ကို ထိပ္သီးအသင္းအမ်ားစုကစိတ္ဝင္စားေနၿပီး အထူးသျဖင့္မန္ခ်က္စတာယူႏိုက္တက္အသင္းက အသည္းအသန္ခ်ိတ္ဆက္ေနတာပါ။

Unicode

မန်ချက်စတာယူနိုက်တက်အသင်းနဲ့မန်စီးတီးအသင်းအပါအဝင်အသင်းကြီးအများစုရဲ့စိတ်ဝင်စားခြင်းကိုခံနေရတဲ့ ဂျက်ဂရီးလစ်ရှ်ရဲ့ခြေစွမ်းဟာ ထိပ်တန်းအဆင့်ရှိတဲ့အတွက်လီဗာပူးလ်၊ ချဲလ်ဆီးအသင်းတို့က ကစားသမားအချို့ရဲ့ခြေစွမ်းထက်သာတယ်လို့ဗီလာကစားသမားဟောင်းအန်ဒီဂရေးပြောကြားလိုက်ပါတယ်။ အန်ဒီဂရေးက ဂျက်ဂရီးလစ်ရှ်အနေနဲ့အင်္ဂလန်အသင်းမှာပါဝင်ခွင့်ရဖို့ဆိုရင် ပရီးမီးယားလိဂ်ထိပ်သီးခြောက်သင်းထဲကတစ်သင်းသင်းကိုပြောင်းသင့်တယ်လို့လည်း အကြံပြုခဲ့ပါသေးတယ်။

ဂရေးက “ သူက ဗီလာပရိတ်သတ်ဆိုတာသိပါတယ်။ သူ့မိသားစုကလည်းဗီလာပရိတ်သတ်ပါပဲ။ သူ ဒီအသင်းကိုချစ်ပြီး အခုဆိုအသင်းခေါင်းဆောင်တောင်ဖြစ်နေပါပြီ။ ဒါပေမဲ့ ဂျက်က အခုအသက်(၂၄)နှစ်ရောက်နေပါပြီ။ ရာသီကုန်မှာဆုံးဖြတ်ချက်တစ်ခုချလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်အမြင်ပြောရရင် ဂရီးလစ်ရှ်က လီဗာပူးလ်အသင်းကစားသမားတွေထက်ပိုကောင်းပါတယ်။ ကီတာထက်ကောင်းသလို ဝစ်နယ်ဒန်းထက်လည်းကောင်းပါတယ်။ မန်စီးတီးဘက်ကပြောရင်လည်း ဖိုဒန်ထက်ကောင်းသလို ချဲလ်ဆီးကမေဆန်မောင့်ထက်လည်းကောင်းပါတယ်။

ခင်ဗျားလူတစ်ယောက်ကိုဘောလုံးပေးလိုက်တဲ့အခါ ကွင်းထဲမှာဘယ်သူကအသင့်ရှိနေတယ်ဆိုတာကိုကြည့်ရပါတယ်။ ဂျက်ကတော့ သူ့ရဲ့ခြေထောက်ထဲမှာဘောလုံးကိုနိုင်နိုင်နင်းနင်းထိန်းထားနိုင်ပြီး စပယ်ရှယ်ကစားသမားပါ။ သူက အသက်(၂၄)နှစ်ပဲရှိသေးတဲ့အတွက် အမှားတွေလုပ်နိုင်ပါသေးတယ်။ သူ့အတွက်ဘောလုံးကအစိတ်အပိုင်းတစ်ခုပါပဲ။ သူလှလှပပရှေ့ဆက်နေတာပါ။ သူဂိုးတွေသွင်းသလို တခြားကစားသမားတွေအတွက် အခွင့်အရေးတွေဖန်တီးပေးတဲ့သူပါ။ ပြီးတော့ အလုပ်ကြိုးစားသူလည်းဖြစ်ပါတယ်”လို့မှတ်ချက်ပေးသွားပါခဲ့ပါတယ်။

ဂရီးလစ်ရှ်ဟာ ဒီရာသီပရီမီးယားလိဂ်ရဲ့ ထိပ်တန်းခြေစွမ်းပြသနိုင်တဲ့ကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး ဗီလာအသင်းကိုဦးဆောင်ကစားနေသူဖြစ်ပါတယ်။ ဒါကြောင့် ဂရီးလစ်ရှ်ကို ထိပ်သီးအသင်းအများစုကစိတ်ဝင်စားနေပြီး အထူးသဖြင့်မန်ချက်စတာယူနိုက်တက်အသင်းက အသည်းအသန်ချိတ်ဆက်နေတာပါ။