မန္စီးတီးအသင္းေနာက္ခံလူ ဂြၽန္စတုန္းကို အာဆင္နယ္နည္းျပအာတီတာကအလိုရွိေနတယ္လို႔သိရပါတယ္။ ဂြၽန္စတုန္းဟာ မန္စီးတီးအသင္းမွာ လာေပၚေတးနဲ႔အတူအတြဲညီညီကစားႏိုင္သူျဖစ္ေပမယ့္ မၾကာခဏဒဏ္ရာရရွိတတ္သူျဖစ္ၿပီး အာတီတာကေတာ့ အသင္းေဟာင္းက ေနာက္ခံလူကို ဦးစားေပးပစ္မွတ္အျဖစ္ေ႐ြးခ်ယ္ထားတာပါ။

ဘိုင္ယန္ျမဴးနစ္ဝါရင့္တိုက္စစ္မႈး ေသာမတ္စ္မူလာဟာ လာမယ့္ရာသီမွာအသင္းကထြက္ခြာေတာ့မယ္လို႔ဝန္ခံလိုက္ပါတယ္။ မူလာဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ (၁၈)လစာခ်ဳပ္သက္တမ္းက်န္ရွိေနေသးေပမယ့္ အသင္းမွာမေပ်ာ္မ႐ႊင္ျဖစ္ေနၿပီး အဆိုပါဂ်ာမနီကစားသမားရဲ႕အေျခအေနကို မန္ခ်က္စတာယူႏိုက္တက္ကေစာင့္ၾကည့္ေနပါတယ္။

ေမဂ်ာလိဂ္ကလပ္ LAဂလက္ဆီအသင္းဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဝက္စ္ဟမ္းတိုက္စစ္မႈးေဟာင္း ခ်ီခ်ာရီတိုကိုေခၚယူဖို႔အတြက္ စကားေျပာဆိုမႈေတြျပဳလုပ္ေနၿပီလို႔သိရပါတယ္။ ခ်ီခ်ာရီတိုဟာ လက္ရွိမွာ ဆီဗီလာအသင္းအတြက္ကစားေနၿပီး အီဗရာဟီမိုဗစ္ရဲ႕ေနရာမွာအစားထိုးဖို႔အတြက္ LAဂလက္ဆီအသင္းကပစ္မွတ္ထားေနတာပါ။

အက္သလက္တီကိုမက္ဒရစ္အသင္းဟာ ပီအက္စ္ဂ်ီတိုက္စစ္မႈးကာဗာနီကိုေခၚယူခြင့္မရခဲ့ဘူးဆိုရင္ အာဆင္နယ္တိုက္စစ္မႈးလာကာဇက္ေတကိုေခၚယူဖို႔အတြက္ ပစ္မွတ္ထားလာပါတယ္။ အာဆင္နယ္အသင္းကလည္း အက္သလက္တီကိုကစားသမားျဖစ္တဲ့ ေသာမတ္စ္လီမာကိုအလိုရွိေနတာေၾကာင့္ လီမာကိုအသုံးခ်ၿပီး လာကာဇက္ေတကိုေခၚယူဖို႔အတြက္ ဆီႁမြန္နီကျပင္ဆင္ေနတာပါ။

Unicode

မန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုန်းကို အာဆင်နယ်နည်းပြအာတီတာကအလိုရှိနေတယ်လို့သိရပါတယ်။ ဂျွန်စတုန်းဟာ မန်စီးတီးအသင်းမှာ လာပေါ်တေးနဲ့အတူအတွဲညီညီကစားနိုင်သူဖြစ်ပေမယ့် မကြာခဏဒဏ်ရာရရှိတတ်သူဖြစ်ပြီး အာတီတာကတော့ အသင်းဟောင်းက နောက်ခံလူကို ဦးစားပေးပစ်မှတ်အဖြစ်ရွေးချယ်ထားတာပါ။

ဘိုင်ယန်မြူးနစ်ဝါရင့်တိုက်စစ်မှုး သောမတ်စ်မူလာဟာ လာမယ့်ရာသီမှာအသင်းကထွက်ခွာတော့မယ်လို့ဝန်ခံလိုက်ပါတယ်။ မူလာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ (၁၈)လစာချုပ်သက်တမ်းကျန်ရှိနေသေးပေမယ့် အသင်းမှာမပျော်မရွှင်ဖြစ်နေပြီး အဆိုပါဂျာမနီကစားသမားရဲ့အခြေအနေကို မန်ချက်စတာယူနိုက်တက်ကစောင့်ကြည့်နေပါတယ်။

မေဂျာလိဂ်ကလပ် LAဂလက်ဆီအသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတိုက်စစ်မှုးဟောင်း ချီချာရီတိုကိုခေါ်ယူဖို့အတွက် စကားပြောဆိုမှုတွေပြုလုပ်နေပြီလို့သိရပါတယ်။ ချီချာရီတိုဟာ လက်ရှိမှာ ဆီဗီလာအသင်းအတွက်ကစားနေပြီး အီဗရာဟီမိုဗစ်ရဲ့နေရာမှာအစားထိုးဖို့အတွက် LAဂလက်ဆီအသင်းကပစ်မှတ်ထားနေတာပါ။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှုးကာဗာနီကိုခေါ်ယူခွင့်မရခဲ့ဘူးဆိုရင် အာဆင်နယ်တိုက်စစ်မှုးလာကာဇက်တေကိုခေါ်ယူဖို့အတွက် ပစ်မှတ်ထားလာပါတယ်။ အာဆင်နယ်အသင်းကလည်း အက်သလက်တီကိုကစားသမားဖြစ်တဲ့ သောမတ်စ်လီမာကိုအလိုရှိနေတာကြောင့် လီမာကိုအသုံးချပြီး လာကာဇက်တေကိုခေါ်ယူဖို့အတွက် ဆီမြွန်နီကပြင်ဆင်နေတာပါ။