မန္စီးတီးနဲ႔လီဗာပူးလ္ကိုမနာလိုမျဖစ္ဘူးလို႔ဆိုတဲ့ ေမာ္ရင္ညိဳ

စပါးနည္းျပေမာ္ရင္ညိဳကေတာ့ မန္စီးတီး၊လီဗာပူးလ္အသင္းတို႔ရဲ႕လူစာရင္းကိုၾကည့္ၿပီး မနာလိုမျဖစ္ဘူးလို႔ေျပာၾကားသြားခဲ့ပါတယ္။ ေမာ္ရင္ညိဳရဲ႕စပါးအသင္းဟာ လက္ရွိအခ်ိန္မွာဒဏ္ရာျပႆနာေတြေၾကာင့္ အခက္ေတြ႕ေနရၿပီး တိုက္စစ္မႈးဟယ္ရီကိန္းကိုလည္း ကာလရွည္ဆုံးရႈံးထားရတာျဖစ္ပါတယ္။ ဒါ့အျပင္ယခုအေျပာင္းအေ႐ြ႕ကာလအတြင္း အဲရစ္ဆင္အပါအဝင္ အဓိကကစားသမားအခ်ိဳ႕ထြက္ခြာဖို႔လည္းရွိေနတာေၾကာင့္ စပါးအသင္းရဲ႕လူစာရင္းအင္အားဟာ ေလ်ာ့နည္းလာတာလည္းျဖစ္ပါတယ္။

ေမာ္ရင္ညိဳက “လာၾကည့္ပါ။ ကြၽန္ေတာ္တို႔မွာတျခားအသင္းေတြလို လူစာရင္းမွာမရွိပါဘူး။ ကြၽန္ေတာ္မန္စီးတီးနဲ႔အက္စတြန္ဗီလာပြဲၾကည့္ပါတယ္။ အရန္ခုံကိုလွမ္းၾကည့္လိုက္ေတာ့ စတာလင္၊ ဘာနာဒို၊ ဂြမ္ဒိုဝမ္၊ ေအာ္တာမန္ဒီတို႔ကိုေတြ႕လိုက္ရပါတယ္။ ခင္ဗ်ားသိလား။ လီဗာပူးလ္ကိုၾကည့္လိုက္ပါဦး။

မာတစ္၊ကီတာ၊လိုဗရန္၊ဖာဘင္ညိဳတို႔ဒဏ္ရာရတာေတာင္ သူတို႔အရန္ခုံကိုၾကည့္လိုက္ပါဦး။ ဒါေတြကို ကြၽန္ေတာ္မနာလိုမျဖစ္ပါဘူး။ ကြၽန္ေတာ္အံ့ဩစရာအလုပ္တစ္ခုရထားတာျဖစ္ၿပီး မတူညီတဲ့အလုပ္နဲ႔မတူညီတဲ့ကလပ္ကိုကိုင္တြယ္ေနတာပါ”လို႔ေျပာၾကားသြားခဲ့တာပါ။

ေမာ္ရင္ညိဳဟာ စပါးအသင္းနည္းျပတာဝန္ကိုႏိုဝင္ဘာလကစတင္ယူခဲ့တာျဖစ္ၿပီး (၁၃)ပြဲကိုင္တြယ္အၿပီး (၆)ပြဲႏိုင္၊(၂)ပြဲသေရ၊ (၅)ပြဲရႈံးရလဒ္ကိုပိုင္ဆိုင္ထားကာ အႏိုင္ရာခိုင္ႏႈန္း၄၆.၂% ရရွိေအာင္စြမ္းေဆာင္ေပးထားသူျဖစ္ပါတယ္။ ေမာ္ရင္ညိဳရဲ႕စပါးအသင္းဟာ ယေန႔မွာ FAဖလားတတိယအဆင့္ျပန္ကန္ပြဲစဥ္အျဖစ္မစ္ဒယ္ဘေရာ့အသင္းနဲ႔ကစားရမွာပါ။

Unicode

စပါးနည်းပြမော်ရင်ညိုကတော့ မန်စီးတီး၊လီဗာပူးလ်အသင်းတို့ရဲ့လူစာရင်းကိုကြည့်ပြီး မနာလိုမဖြစ်ဘူးလို့ပြောကြားသွားခဲ့ပါတယ်။ မော်ရင်ညိုရဲ့စပါးအသင်းဟာ လက်ရှိအချိန်မှာဒဏ်ရာပြဿနာတွေကြောင့် အခက်တွေ့နေရပြီး တိုက်စစ်မှုးဟယ်ရီကိန်းကိုလည်း ကာလရှည်ဆုံးရှုံးထားရတာဖြစ်ပါတယ်။ ဒါ့အပြင်ယခုအပြောင်းအရွေ့ကာလအတွင်း အဲရစ်ဆင်အပါအဝင် အဓိကကစားသမားအချို့ထွက်ခွာဖို့လည်းရှိနေတာကြောင့် စပါးအသင်းရဲ့လူစာရင်းအင်အားဟာ လျော့နည်းလာတာလည်းဖြစ်ပါတယ်။

မော်ရင်ညိုက “လာကြည့်ပါ။ ကျွန်တော်တို့မှာတခြားအသင်းတွေလို လူစာရင်းမှာမရှိပါဘူး။ ကျွန်တော်မန်စီးတီးနဲ့အက်စတွန်ဗီလာပွဲကြည့်ပါတယ်။ အရန်ခုံကိုလှမ်းကြည့်လိုက်တော့ စတာလင်၊ ဘာနာဒို၊ ဂွမ်ဒိုဝမ်၊ အော်တာမန်ဒီတို့ကိုတွေ့လိုက်ရပါတယ်။ ခင်ဗျားသိလား။ လီဗာပူးလ်ကိုကြည့်လိုက်ပါဦး။

မာတစ်၊ကီတာ၊လိုဗရန်၊ဖာဘင်ညိုတို့ဒဏ်ရာရတာတောင် သူတို့အရန်ခုံကိုကြည့်လိုက်ပါဦး။ ဒါတွေကို ကျွန်တော်မနာလိုမဖြစ်ပါဘူး။ ကျွန်တော်အံ့ဩစရာအလုပ်တစ်ခုရထားတာဖြစ်ပြီး မတူညီတဲ့အလုပ်နဲ့မတူညီတဲ့ကလပ်ကိုကိုင်တွယ်နေတာပါ”လို့ပြောကြားသွားခဲ့တာပါ။

မော်ရင်ညိုဟာ စပါးအသင်းနည်းပြတာဝန်ကိုနိုဝင်ဘာလကစတင်ယူခဲ့တာဖြစ်ပြီး (၁၃)ပွဲကိုင်တွယ်အပြီး (၆)ပွဲနိုင်၊(၂)ပွဲသရေ၊ (၅)ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားကာ အနိုင်ရာခိုင်နှုန်း၄၆.၂% ရရှိအောင်စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။ မော်ရင်ညိုရဲ့စပါးအသင်းဟာ ယနေ့မှာ FAဖလားတတိယအဆင့်ပြန်ကန်ပွဲစဉ်အဖြစ်မစ်ဒယ်ဘရော့အသင်းနဲ့ကစားရမှာပါ။