ဟာလန်းအတွက်အချိန်လိုတယ်လို့သတိပေးလိုက်တဲ့ ဒေါ့မွန်အသင်းဥက္ကဌ

ဆဲလ်ဘတ်အသင်းကနေပြောင်းရွေ့လာတဲ့ လူငယ်ကြယ်ပွင့်ဟာလန်းခြေစွမ်းတိုးတက်ဖို့ဆိုရင်အချိန်လိုတယ်လို့ ဒေါ့မွန်အသင်းဥက္ကဌရာအူဘောကသတိပေးလိုက်ပါတယ်။ ဟာလန်းဟာ ယခုဆောင်းရာသီဈေးကွက်အတွင်းက ဆဲလ်ဘတ်အသင်းကနေ ယူရိုသန်း(၂၀)နဲ့ဒေါ့မွန်အသင်းကိုရောက်ရှိလာခဲ့သူဖြစ်ပြီး ဟာလန်းရဲ့အသက်အရွယ်ကငယ်ရွယ်သေးတာကြောင့် ဝေဖန်မှုတွေကိုခံနိုင်ရည်မရှိသေးကြောင်းနဲ့ အချိန်ပေးဖိုလိုတယ်လို့ ဒေါ့မွန်အသင်းဥက္ကဌကပြောကြားပေးခဲ့တာပါ။

ဒေါ့မွန်အသင်းဥက္ကဌက “ပထမဆုံးထောက်ပြချင်တာက လုံးဝမျက်ကွယ်ပြုလုပ်လို့မရပါဘူး။ ဟာလန်းရဲ့အသက်က (၁၉)နှစ်ပဲရှိပါသေးတယ်။ သူ့ရဲ့တိုးတက်မှုအတွက် အချိန်လိုပါသေးတယ်။ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ကျွန်တော်တို့ကိုကူညီနိုင်တယ်ဆိုတာသိထားပြီး သူ့အပေါ်ယုံကြည်မှုအပြည့်ရှိပါတယ်။ သူ့ရဲ့ရပ်တည်မှုအတွက် အသင်းအပြင်ဘက်ကလာမယ့် အနုတ်လက္ခဏာဆောင်တဲ့ဝေဖန်မှုတွေကိုကျွန်တော်တို့ကာကွယ်ပေးဖို့လိုပါတယ်။ ဟာလန်း ကလပ်မှာအထိုင်ကျလာမယ်လို့ယုံကြည်ပါတယ်”လို့ထောက်ပြသတိပေးခဲ့ပါတယ်။

နော်ဝေတိုက်စစ်မှုးဟာလန်းဟာ အသင်းဟောင်းဆဲလ်ဘတ်အသင်းအတွက် (၁၆)ပွဲကစား(၁၇)ဂိုးသွင်းယူပြီးခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဒေါ့မွန်အသင်းက လက်ဦးမှုအရယူပြီးခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ အသက်(၁၉)နှစ်အရွယ်သာရှိသေးပေမယ့် နော်ဝေလက်ရွေးစင်အသင်းကြီးအတွက်နှစ်ပွဲကစားခွင့်ရထားသေးတာကြောင့် လူအများရဲ့အထင်ကြီးခြင်းကိုခံနေရပြီး မျှော်လင့်ချက်ကြီးစွာထားခြင်းခံနေရတာပါ။

(ZawGyi)

ဆဲလ္ဘတ္အသင္းကေနေျပာင္းေ႐ြ႕လာတဲ့ လူငယ္ၾကယ္ပြင့္ဟာလန္းေျခစြမ္းတိုးတက္ဖို႔ဆိုရင္အခ်ိန္လိုတယ္လို႔ ေဒါ့မြန္အသင္းဥကၠဌရာအူေဘာကသတိေပးလိုက္ပါတယ္။ ဟာလန္းဟာ ယခုေဆာင္းရာသီေဈးကြက္အတြင္းက ဆဲလ္ဘတ္အသင္းကေန ယူ႐ိုသန္း(၂၀)နဲ႔ေဒါ့မြန္အသင္းကိုေရာက္ရွိလာခဲ့သူျဖစ္ၿပီး ဟာလန္းရဲ႕အသက္အ႐ြယ္ကငယ္႐ြယ္ေသးတာေၾကာင့္ ေဝဖန္မႈေတြကိုခံႏိုင္ရည္မရွိေသးေၾကာင္းနဲ႔ အခ်ိန္ေပးဖိုလိုတယ္လို႔ ေဒါ့မြန္အသင္းဥကၠဌကေျပာၾကားေပးခဲ့တာပါ။

ေဒါ့မြန္အသင္းဥကၠဌက “ပထမဆုံးေထာက္ျပခ်င္တာက လုံးဝမ်က္ကြယ္ျပဳလုပ္လို႔မရပါဘူး။ ဟာလန္းရဲ႕အသက္က (၁၉)ႏွစ္ပဲရွိပါေသးတယ္။ သူ႔ရဲ႕တိုးတက္မႈအတြက္ အခ်ိန္လိုပါေသးတယ္။ သူ႔ရဲ႕စြမ္းေဆာင္ရည္နဲ႔ ကြၽန္ေတာ္တို႔ကိုကူညီႏိုင္တယ္ဆိုတာသိထားၿပီး သူ႔အေပၚယုံၾကည္မႈအျပည့္ရွိပါတယ္။ သူ႔ရဲ႕ရပ္တည္မႈအတြက္ အသင္းအျပင္ဘက္ကလာမယ့္ အႏုတ္လကၡဏာေဆာင္တဲ့ေဝဖန္မႈေတြကိုကြၽန္ေတာ္တို႔ကာကြယ္ေပးဖို႔လိုပါတယ္။ ဟာလန္း ကလပ္မွာအထိုင္က်လာမယ္လို႔ယုံၾကည္ပါတယ္”လို႔ေထာက္ျပသတိေပးခဲ့ပါတယ္။

ေနာ္ေဝတိုက္စစ္မႈးဟာလန္းဟာ အသင္းေဟာင္းဆဲလ္ဘတ္အသင္းအတြက္ (၁၆)ပြဲကစား(၁၇)ဂိုးသြင္းယူၿပီးေျခစြမ္းျပသႏိုင္ခဲ့တာေၾကာင့္ ေဒါ့မြန္အသင္းက လက္ဦးမႈအရယူၿပီးေခၚယူခဲ့တာျဖစ္ပါတယ္။ ဟာလန္းဟာ အသက္(၁၉)ႏွစ္အ႐ြယ္သာရွိေသးေပမယ့္ ေနာ္ေဝလက္ေ႐ြးစင္အသင္းႀကီးအတြက္ႏွစ္ပြဲကစားခြင့္ရထားေသးတာေၾကာင့္ လူအမ်ားရဲ႕အထင္ႀကီးျခင္းကိုခံေနရၿပီး ေမွ်ာ္လင့္ခ်က္ႀကီးစြာထားျခင္းခံေနရတာပါ။