လုံခြုံရေးကြောင့် အရှေ့အလယ်ပိုင်းလေ့ကျင့်ရေးအစီအစဉ်ကို ဖျက်သိမ်းလိုက်တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လုံခြုံရေးအခြေအနေကြောင့် အရှေ့အလယ်ပိုင်းကိုသွားရောက်ပြီး ရာသီဝက်လေ့ကျင့်ခန်းပြုလုပ်မယ့်အစီအစဉ်ကိုဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။ ယခုအခါ အရှေ့အလယ်ပိုင်းနိုင်ငံများအတွင် နိုင်ငံရေးမတည်ငြိမ်မှုများရှိနေတဲ့အတွက် ယင်းအစီအစဉ်ကိုဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ယူနိုက်တက်နည်းပြဆိုးရှားလ်က အတည်ပြုခဲ့တာပါ။ ဥရောပအသင်းတွေဟာ ဆောင်းရာသီကာလအတွင်း ဒူဘိုင်းကိုသွားရောက်ကာ ရာသီဝက်ပြင်ဆင်မှုများပြုလုပ်လေ့ရှိပေမယ့် ယခုနှစ်မှာတော့ အမေရိကန်ပြည်ထောင်စုနဲ့ အီရန်အကြားစစ်ရေးတင်းမာမှုတွေရှိနေပြီ ဒေသတွင်းမတည်ငြိမ်မှုတွေဖြစ်ပေါ်နေတာကြောင့် မန်ချက်စတာယူနိုက်တက်က ဆုံးဖြတ်ချက်ကိုပြန်လည်ပြင်ဆင်ခဲ့တာပါ။ ဒါပေမဲ့လည်း ယူနိုက်တက်ရှိကစားသမားတိုင်းဟာ ဒူဘိုင်းရဲ့ ပြည်ဝင်ခွင့်စည်းမျဉ်းစည်းကမ်းတွေနဲ့ညှိစွန်းခြင်းမရှိလို့သွားရောက်လို့ရပေမယ့် ယူနိုက်တက်အသင်းရဲ့ကျော်ကြားမှုကြောင့် မလိုလားအပ်တဲ့ပြဿနာတွေဖြစ်ပေါ်လာမှာစိုးတဲ့အတွက် ရှောင်ရှားခဲ့တာပါ။

ယူနိုက်တက်နည်းပြဆိုးရှားလ်က “ဟုတ်ပါတယ်။ အဲ့ဒီကိုသွားရင် ကျွန်တော်စိုးရိမ်ရမှာက ကွင်းထဲက ကိစ္စမဟုတ်ပါဘူး။ ဘောလုံးထက်အရေးကြီးတဲ့စိုးရိမ်စရာတွေ အဲ့ဒီမှာရှိနေပါတယ်။ ကျွန်တော်တို့အ‌ရှေ့အလယ်ပိုင်းကိုသွားမယ်ဆိုပေမယ့် သေချာပေါက်မဖြစ်နိုင်တော့ပါဘူး၊ ကျွန်တော် ကစားသမားတွေကို ရက်အနည်းငယ် နားရက်ပေးမှာပါ။ သူတို့နားရက်မှာ ဘယ်သွားမလဲမသိပေမယ့် ကျွန်တော်တို့ကတော့ ဥရောပမှာပဲရှိနေမှာပါ။ ရာသီဝက်ကြိုကလာဟာ လူတိုင်းအတွက်အရေးကြီးပါတယ်။အဲ့ဒီကာလရောက်ဖို့ ငါးပွဲခြောက်ပွဲလောက်ကစားဖို့ကျန်ပါသေးတယ်”လို့ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီဝက်ကြိုကာလတိုင်း ကာတာနိုင်ငံသွားရောက်ကာ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်လေ့ရှိပြီး ပြီးခဲ့တဲ့ (၂၀၁၈) (၂၀၁၉)နှစ်နှစ်ဆက်တိုက်လည်း ဒူဘိုင်းက Nad Ali Sheba ကွင်းကြီးထဲမှာ ရာသီကြိုလေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်ခဲ့တာပါ။