ဘာစီလိုနာကိုနည္းျပဖို႔ ျငင္းဆန္ခဲ့တဲ့အေၾကာင္းရင္းကို ဇာဗီးရွင္းျပ

စပိန္ဂႏၴဝင္ကစားသမား ဇာဗီးက သူ႔အေနနဲ႔ ဘာစီလိုနာအသင္းနည္းျပျဖစ္ခြင့္နဲ႔ နီးစပ္ခဲ့ေပမဲ့ ဘာေၾကာင့္ ျငင္းဆန္ခဲ့ရတယ္ဆိုတာကို ျပန္လည္ရွင္းျပသြားခဲ့ၿပီး အဲဒီအခြင့္အေရးေရာက္လာတာဟာ သူ႔နည္းျပ ဘဝဘဝအတြက္ အရမ္းေစာေနေသးတာေၾကာင့္ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ဇာဗီးဟာ ကစားသမားဘဝကို ကာတာကလပ္ အယ္ဆတ္မွာ အဆုံးသတ္ၿပီးကတည္းက အဲဒီအသင္းကိုပဲ နည္းျပအျဖစ္ တာဝန္ယူ ကိုင္တြယ္ေနသူျဖစ္ပါတယ္။

ဇာဗီးက ဘာစီလိုနာအမႈေဆာင္ခ်ဳပ္ ေအာ္စကာဂ႐ူနဲ႔ အားကစားဒါ႐ိုက္တာ အဲရစ္အဘီဒယ္တို႔ဟာ ဗယ္ဗာဒီကို မထုတ္ပယ္ခင္ သူ႔ကိုနည္းျပလုပ္ဖို႔ လာေရာက္ကမ္းလွမ္းခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာပါ။ ဒါေပမဲ့ ဇာဗီး ဟာ အသင္းေဟာင္းနဲ႔ ျပန္လည္ေပါင္းစည္းခြင့္ကို ျငင္းဆန္ပယ္ခ်ခဲ့တာေၾကာင့္ ဘာစီလိုနာဟာ မထင္မရွား နည္းျပတစ္ဦးျဖစ္တဲ့ ဆက္တီယန္ကို ခ်က္ခ်င္းအစားထိုးခန႔္အပ္လိုက္ပါတယ္။

အသက္ ၃၉ ႏွစ္အ႐ြယ္ ဇာဗီးက “ဒီကမ္းလွမ္းမႈကို ကြၽန္ေတာ္ လက္မခံႏိုင္ခဲ့ပါဘူး။ အထူးသျဖင့္ ကြၽန္ေတာ့္ အတြက္ ဘာစီလိုနာအသင္းကို နည္းျပလုပ္ဖို႔က အရမ္းေစာေနေသးတယ္။ ဒါေပမဲ့ အဲဒီအသင္းကို အနာဂတ္ မွာ နည္းျပခြင့္ရဖို႔ေတာ့ အိပ္မက္မက္ထားပါတယ္”လို႔ ေျပာသြားခဲ့တာပါ။

ဇာဗီးဟာ ၁၉၉၈ ကေန ၂၀၁၅ အထိ က်င္လည္ျဖတ္သန္းခဲ့သူျဖစ္ၿပီး ပြဲေပါင္း ၇၅၀ ေက်ာ္ ကစားခဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္ ဇာဗီးက ဘာစီလိုနာအ သင္းနဲ႔အတူ နည္းျပသစ္ ဆက္တီယန္ ေအာင္ျမင္ေစဖို႔အတြက္လည္း ဆုေတာင္းေပးခဲ့ပါေသးတယ္။

Unicode

စပိန်ဂန္ထဝင်ကစားသမား ဇာဗီးက သူ့အနေနဲ့ ဘာစီလိုနာအသင်းနည်းပြဖြစ်ခွင့်နဲ့ နီးစပ်ခဲ့ပေမဲ့ ဘာကြောင့် ငြင်းဆန်ခဲ့ရတယ်ဆိုတာကို ပြန်လည်ရှင်းပြသွားခဲ့ပြီး အဲဒီအခွင့်အရေးရောက်လာတာဟာ သူ့နည်းပြ ဘဝဘဝအတွက် အရမ်းစောနေသေးတာကြောင့်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဇာဗီးဟာ ကစားသမားဘဝကို ကာတာကလပ် အယ်ဆတ်မှာ အဆုံးသတ်ပြီးကတည်းက အဲဒီအသင်းကိုပဲ နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်နေသူဖြစ်ပါတယ်။

ဇာဗီးက ဘာစီလိုနာအမှုဆောင်ချုပ် အော်စကာဂရူနဲ့ အားကစားဒါရိုက်တာ အဲရစ်အဘီဒယ်တို့ဟာ ဗယ်ဗာဒီကို မထုတ်ပယ်ခင် သူ့ကိုနည်းပြလုပ်ဖို့ လာရောက်ကမ်းလှမ်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာပါ။ ဒါပေမဲ့ ဇာဗီး ဟာ အသင်းဟောင်းနဲ့ ပြန်လည်ပေါင်းစည်းခွင့်ကို ငြင်းဆန်ပယ်ချခဲ့တာကြောင့် ဘာစီလိုနာဟာ မထင်မရှား နည်းပြတစ်ဦးဖြစ်တဲ့ ဆက်တီယန်ကို ချက်ချင်းအစားထိုးခန့်အပ်လိုက်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ဇာဗီးက “ဒီကမ်းလှမ်းမှုကို ကျွန်တော် လက်မခံနိုင်ခဲ့ပါဘူး။ အထူးသဖြင့် ကျွန်တော့် အတွက် ဘာစီလိုနာအသင်းကို နည်းပြလုပ်ဖို့က အရမ်းစောနေသေးတယ်။ ဒါပေမဲ့ အဲဒီအသင်းကို အနာဂတ် မှာ နည်းပြခွင့်ရဖို့တော့ အိပ်မက်မက်ထားပါတယ်”လို့ ပြောသွားခဲ့တာပါ။

ဇာဗီးဟာ ၁၉၉၈ ကနေ ၂၀၁၅ အထိ ကျင်လည်ဖြတ်သန်းခဲ့သူဖြစ်ပြီး ပွဲပေါင်း ၇၅၀ ကျော် ကစားခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ဇာဗီးက ဘာစီလိုနာအ သင်းနဲ့အတူ နည်းပြသစ် ဆက်တီယန် အောင်မြင်စေဖို့အတွက်လည်း ဆုတောင်းပေးခဲ့ပါသေးတယ်။