ခ်န္ပီယံလိဂ္ဝင္ခြင့္ရရင္ အပိုဆုေၾကးရမယ့္ ေမာ္ရင္ဟို

စပါးနည္းျပ ေမာ္ရင္ဟိုအေနနဲ႔ အသင္းကို ေနာက္ရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲဝင္ခြင့္ရေအာင္ လုပ္ေပးႏိုင္ခဲ့မယ္ ဆိုရင္ အပိုဆုေၾကးအေနနဲ႔ ေပါင္ ၂ သန္းရရွိႏိုင္မယ္လို႔ သိရပါတယ္။ ေမာ္ရင္ဟိုဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလက တည္းက ပိုခ်က္တီႏိုေနရာ အစားဝင္လာခဲ့သူျဖစ္ၿပီး စပါးအသင္းရဲ႕ ရည္မွန္းခ်က္ကို ျဖည့္ဆည္းေပးႏိုင္မယ္ဆို ရင္ အဲဒီဆုေၾကးကို ရမွာပါ။

ေမာ္ရင္ဟို စတင္ကိုင္တြယ္ခ်ိန္က စပါးအသင္းဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာနဲ႔ ၁၁ မွတ္အထိ ကြာဟေနတာ ေၾကာင့္ အသင္းဟာ ေမာ္ရင္ဟိုကို ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ စြမ္းေဆာင္ေပးႏိုင္ေရးအတြက္ မက္လုံးေပး ကမ္းလွမ္းထားခဲ့တာပါ။ စပါးအသင္းဥကၠ႒ ဒန္နီရယ္လီဗိုင္းဟာ စြမ္းေဆာင္ရည္အေပၚ မူတည္ၿပီး ကစားသမား ေတြနဲ႔ နည္းျပေတြအေပၚ ဆုေၾကးေပးတတ္သူတစ္ဦးအျဖစ္ ထင္ရွားသူလည္းျဖစ္ပါတယ္။

စပါးအသင္းဟာ လက္ရွိအခ်ိန္မွာ အဆင့္ ၈ ေနရာ ရပ္တည္ေနၿပီး အဆင့္ ၄ ေနရာက ခ်ဲလ္ဆီးအသင္းနဲ႔ ၉ မွတ္ ကြာဟေနတာေၾကာင့္ ေမွ်ာ္လင့္ခ်က္ရွိေနပါေသးတယ္။ ဒါေပမဲ့ လက္ရွိ စပါးအသင္းဟာ ဒဏ္ရာရ ကစားသမားမ်ားျပားေနၿပီး အဓိကတိုက္စစ္မႉး ဟယ္ရီကိန္းလည္း ကာလရွည္ဒဏ္ရာရထားလို႔ အခက္ေတြ႕ ရဖြယ္ရွိပါတယ္။

ဒါေၾကာင့္ ေမာ္ရင္ဟိုဟာ ဒီလအတြင္း ကစားသမားအင္အားျဖည့္တင္းမႈေတြ လုပ္လိုေနၿပီး လတ္တေလာမွာေတာ့ ဘင္ဖီကာကြင္းလယ္လူ ဂတ္ဆန္ဖာနန္ဒက္စ္ကို ေခၚယူထားႏိုင္ခဲ့ပါတယ္။ ေအစီမီလန္ တိုက္စစ္မႉး ပီယာတက္ကလည္း စပါးအသင္းရဲ႕ ပစ္မွတ္ထဲမွာ ပါဝင္ေနၿပီး လက္ရွိအခ်ိန္ထိေတာ့ အေကာင္ အထည္ေပၚမလာေသးပါဘူး။

Unicode

စပါးနည်းပြ မော်ရင်ဟိုအနေနဲ့ အသင်းကို နောက်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရအောင် လုပ်ပေးနိုင်ခဲ့မယ် ဆိုရင် အပိုဆုကြေးအနေနဲ့ ပေါင် ၂ သန်းရရှိနိုင်မယ်လို့ သိရပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက တည်းက ပိုချက်တီနိုနေရာ အစားဝင်လာခဲ့သူဖြစ်ပြီး စပါးအသင်းရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်မယ်ဆို ရင် အဲဒီဆုကြေးကို ရမှာပါ။

မော်ရင်ဟို စတင်ကိုင်တွယ်ချိန်က စပါးအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ၁၁ မှတ်အထိ ကွာဟနေတာ ကြောင့် အသင်းဟာ မော်ရင်ဟိုကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ရေးအတွက် မက်လုံးပေး ကမ်းလှမ်းထားခဲ့တာပါ။ စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်းဟာ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ကစားသမား တွေနဲ့ နည်းပြတွေအပေါ် ဆုကြေးပေးတတ်သူတစ်ဦးအဖြစ် ထင်ရှားသူလည်းဖြစ်ပါတယ်။

စပါးအသင်းဟာ လက်ရှိအချိန်မှာ အဆင့် ၈ နေရာ ရပ်တည်နေပြီး အဆင့် ၄ နေရာက ချဲလ်ဆီးအသင်းနဲ့ ၉ မှတ် ကွာဟနေတာကြောင့် မျှော်လင့်ချက်ရှိနေပါသေးတယ်။ ဒါပေမဲ့ လက်ရှိ စပါးအသင်းဟာ ဒဏ်ရာရ ကစားသမားများပြားနေပြီး အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းလည်း ကာလရှည်ဒဏ်ရာရထားလို့ အခက်တွေ့ ရဖွယ်ရှိပါတယ်။

ဒါကြောင့် မော်ရင်ဟိုဟာ ဒီလအတွင်း ကစားသမားအင်အားဖြည့်တင်းမှုတွေ လုပ်လိုနေပြီး လတ်တလောမှာတော့ ဘင်ဖီကာကွင်းလယ်လူ ဂတ်ဆန်ဖာနန်ဒက်စ်ကို ခေါ်ယူထားနိုင်ခဲ့ပါတယ်။ အေစီမီလန် တိုက်စစ်မှူး ပီယာတက်ကလည်း စပါးအသင်းရဲ့ ပစ်မှတ်ထဲမှာ ပါဝင်နေပြီး လက်ရှိအချိန်ထိတော့ အကောင် အထည်ပေါ်မလာသေးပါဘူး။