မက်ဆီကို ဘာအကူအညီမှမပေးခဲ့ရဘူးလို့ဆိုလိုက်တဲ့ ရော်နယ်ဒင်ညို

ဘရာဇီးလ်နဲ့ဘာစီလိုနာဂန္တဝင်ရော်နယ်ဒင်ညိုကတော့ အသင်းဖော်ဟောင်းလီယွန်နယ်မက်ဆီနဲ့ပတ်သတ်တဲ့အကြောင်းအရာတချို့ကိုဖွင့်ဟခဲ့ပြီး ချီးကျူးပြောဆိုမှုတွေပြုလုပ်သွားပါတယ်။ ရော်နယ်ဒင်ညိုဟာ မက်ဆီရဲ့စီနီယာကစားသမားတစ်ဦးလည်းဖြစ်ပြီး မက်ဆီရဲ့ဘာစီလိုနာကစားသမားဘဝပထမဆုံးဂိုးကို ဖန်တီးပေးခဲ့သူလည်းဖြစ်ပါတယ်။ မက်ဆီနဲ့တွဲကစားတဲ့ကာလတစ်လျှောက်ရော်နယ်ဒင်ညိုကလက်တွဲခေါ်ခဲ့တယ်ဆိုတဲ့ထင်မြင်ချက်တွေလည်းရှိခဲ့ပြီး ရော်နယ်ဒင်ညိုကတော့ ယခုလိုပဲဖွင့်ဟသွားပါတယ်။

“ကျွန်တော်ဘာစီလိုနာကိုစ‌ရောက်တည်းက မက်ဆီရဲ့နာမည်က အသင်းကြီးမှာရေပန်းစားနေပါပြီ။ နောက်တော့ သူနဲ့ကျွန်တော်ခင်မင်သွားခဲ့ပါတယ်။ သူနဲ့အတူစတွဲကစားခဲ့ပြီး အရမ်းကောင်းပါတယ်။ ဒါကြောင့် မက်ဆီကို ကျွန်တော်တို့စီနီယာကစားသမားတွေနဲ့အတူလေ့ကျင့်စေဖို့ နည်းပြရီကတ်ကို ဝိုင်းပြီးပြောခဲ့ကြပါတယ်။ ကံကောင်းစွာနဲ့ ကျွန်တော်က သူ့ရဲ့ပထမဆုံးကစားသမားဘဝသွင်းဂိုးရအောင်ဖန်တီးသူဖြစ်ခဲ့ပါတယ်။ သူနဲ့ကျွန်တော်နောက်ပိုင်းမှာအရမ်းရင်းနှီးခဲ့ပြီး သူက ကျွန်တော့်ကိုစပိန်စကားသင်ပေးသလို ကျွန်တော်ကသူ့ကို ပေါ်တူဂီစကားသင်ပေးခဲ့ပါတယ်။

ဒါပေမဲ့ကွင်းထဲမှာတော့ ကျွန်တော်တို့နှစ်ယောက်လုံးဟာ စကားပြောစရာမလိုလောက်အောင်နားလည်မှုရှိပြီးသားပါ။ မက်ဆီကိုသဘောကျတာက သူ့မှာ ဘာပြဿနာမှမရှိတာပါပဲ။ သူ့ကိုကြည့်လိုက်ရင် မိသားစုတွေ ဒါမှမဟုတ် ကျွန်တော်တို့လိုအရင်းနှီးဆုံးသူတွေနဲ့ပဲရှိနေတတ်ပြီး အနေအေးပါတယ်။ မက်ဆီကို ကျွန်တော်ထမ်းတင်ခဲ့ရတာမဟုတ်ပါဘူး။ မက်ဆီမှာနဂိုတည်းကအရာအားလုံးပိုင်ဆိုင်ပြီးသားပါ။ သူ့ကို ကျွန်တော်ဘာမှ မသင်ပြပေးခဲ့ရပါဘူး”လို့ရော်နယ်ဒင်ညိုကပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒင်ညိုဟာ ဘာစီလိုနာအသင်းမှာငါးနှစ်ကြာကစားခဲ့ပြီး လာလီဂါဖလားနှစ်ကြိမ်၊ စပိန်စူပါဖလားနှစ်ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်ပိုင်ဆိုင်ခဲ့ကာ လီယွန်နယ်မက်ဆီရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝအစမှာ အတူတွဲကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။

Zawgyi

ဘရာဇီးလ္နဲ႔ဘာစီလိုနာဂႏၲဝင္ေရာ္နယ္ဒင္ညိဳကေတာ့ အသင္းေဖာ္ေဟာင္းလီယြန္နယ္မက္ဆီနဲ႔ပတ္သတ္တဲ့အေၾကာင္းအရာတခ်ိဳ႕ကိုဖြင့္ဟခဲ့ၿပီး ခ်ီးက်ဴးေျပာဆိုမႈေတြျပဳလုပ္သြားပါတယ္။ ေရာ္နယ္ဒင္ညိဳဟာ မက္ဆီရဲ႕စီနီယာကစားသမားတစ္ဦးလည္းျဖစ္ၿပီး မက္ဆီရဲ႕ဘာစီလိုနာကစားသမားဘဝပထမဆုံးဂိုးကို ဖန္တီးေပးခဲ့သူလည္းျဖစ္ပါတယ္။ မက္ဆီနဲ႔တြဲကစားတဲ့ကာလတစ္ေလွ်ာက္ေရာ္နယ္ဒင္ညိဳကလက္တြဲေခၚခဲ့တယ္ဆိုတဲ့ထင္ျမင္ခ်က္ေတြလည္းရွိခဲ့ၿပီး ေရာ္နယ္ဒင္ညိဳကေတာ့ ယခုလိုပဲဖြင့္ဟသြားပါတယ္။

“ကြၽန္ေတာ္ဘာစီလိုနာကိုစ‌ေရာက္တည္းက မက္ဆီရဲ႕နာမည္က အသင္းႀကီးမွာေရပန္းစားေနပါၿပီ။ ေနာက္ေတာ့ သူနဲ႔ကြၽန္ေတာ္ခင္မင္သြားခဲ့ပါတယ္။ သူနဲ႔အတူစတြဲကစားခဲ့ၿပီး အရမ္းေကာင္းပါတယ္။ ဒါေၾကာင့္ မက္ဆီကို ကြၽန္ေတာ္တို႔စီနီယာကစားသမားေတြနဲ႔အတူေလ့က်င့္ေစဖို႔ နည္းျပရီကတ္ကို ဝိုင္းၿပီးေျပာခဲ့ၾကပါတယ္။ ကံေကာင္းစြာနဲ႔ ကြၽန္ေတာ္က သူ႔ရဲ႕ပထမဆုံးကစားသမားဘဝသြင္းဂိုးရေအာင္ဖန္တီးသူျဖစ္ခဲ့ပါတယ္။ သူနဲ႔ကြၽန္ေတာ္ေနာက္ပိုင္းမွာအရမ္းရင္းႏွီးခဲ့ၿပီး သူက ကြၽန္ေတာ့္ကိုစပိန္စကားသင္ေပးသလို ကြၽန္ေတာ္ကသူ႔ကို ေပၚတူဂီစကားသင္ေပးခဲ့ပါတယ္။

ဒါေပမဲ့ကြင္းထဲမွာေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးဟာ စကားေျပာစရာမလိုေလာက္ေအာင္နားလည္မႈရွိၿပီးသားပါ။ မက္ဆီကိုသေဘာက်တာက သူ႔မွာ ဘာျပႆနာမွမရွိတာပါပဲ။ သူ႔ကိုၾကည့္လိုက္ရင္ မိသားစုေတြ ဒါမွမဟုတ္ ကြၽန္ေတာ္တို႔လိုအရင္းႏွီးဆုံးသူေတြနဲ႔ပဲရွိေနတတ္ၿပီး အေနေအးပါတယ္။ မက္ဆီကို ကြၽန္ေတာ္ထမ္းတင္ခဲ့ရတာမဟုတ္ပါဘူး။ မက္ဆီမွာနဂိုတည္းကအရာအားလုံးပိုင္ဆိုင္ၿပီးသားပါ။ သူ႔ကို ကြၽန္ေတာ္ဘာမွ မသင္ျပေပးခဲ့ရပါဘူး”လို႔ေရာ္နယ္ဒင္ညိဳကေျပာၾကားသြားခဲ့ပါတယ္။

ေရာ္နယ္ဒင္ညိဳဟာ ဘာစီလိုနာအသင္းမွာငါးႏွစ္ၾကာကစားခဲ့ၿပီး လာလီဂါဖလားႏွစ္ႀကိမ္၊ စပိန္စူပါဖလားႏွစ္ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလားတစ္ႀကိမ္ပိုင္ဆိုင္ခဲ့ကာ လီယြန္နယ္မက္ဆီရဲ႕ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝအစမွာ အတူတြဲကစားခဲ့ဖူးသူလည္းျဖစ္ပါတယ္။