ဘရူနိုဖာနန်ဒက်စ်အတွက် အကုန်အကျများမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ စပို့တင်းကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်အတွက် ငွေအမြောက်အမြားသုံးစွဲရဖို့ရှိနေပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကို လွယ်လွယ်နဲ့လက်မလွှတ်ဘူးလို့ စပို့တင်းအသင်းဘက်က ပြောဆိုထားပြီး ပြောင်းရွေ့ကြေးကိုလည်း မြင့်မားစွာလိုချင်နေတာပါ။ မန်ချက်စတာယူနိုက်တက်ဘက်က ဘရူနိုဖာနန်ဒက်စ်အတွက် ပေါင်(၅၁)သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် စပို့တင်းလစ္စဘွန်းအသင်းဘက်ကပယ်ချခဲ့ပြီး ယခုထက်မြင့်မားတဲ့ပြောင်းရွေ့ကြေးကိုလိုချင်နေတာဖြစ်ပါတယ်။

စပို့တင်းနည်းပြဆီလက်ကတော့ “ သူက မတူကွဲပြားပြီးထူးခြားတဲ့ကစားသမားပါ။ ဒီပေါ်တူဂီလိဂ်မှာအကောင်းဆုံးနဲ့တန်ဖိုးအကြီးဆုံးကစားသမားလည်းဖြစ်ပါတယ်။ ဒီရာသီကသူ့ရဲ့နောက်ဆုံးရာသီလည်းဖြစ်နိုင်ပါတယ်။ လူတွေပြောနေကြတာကျွန်တော်ကြားပါတယ်။ ဘရူနိုက ငွေအများကြီးတန်ကြေးမရှိဘူးဆိုတာပါ။

ဒါတွေကမဟုတ်ပါဘူး။ တကယ်တော့ ဘရူနိုက ငွေအများကြီးပေးတာထက်မကတန်ကြေးရှိတဲ့သူပါ။ တိုက်စစ်ကိုလိုက်ပါသလို ခံစစ်လည်းကူနိုင်ပါတယ်။ ဘရူနိုက အကောင်းဆုံးနဲ့တန်ဖိုးအကြီးဆုံးပါပဲ။ သူ့လိုကစားသမားမျိုးကို ကျွန်တော်တို့ပိုင်ဆိုင်ထားပြီး ဒီလိုကစားသမားကို လူတိုင်းကလိုချင်ကြတယ်ဆိုတာဖြစ်ရိုးဖြစ်စဉ်ကိစ္စပါပဲ”လို့ပြောကြားသွားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ကို ရီးရဲမက်ဒရစ်၊စပါးအသင်းတို့ကစိတ်ဝင်စားနေပေမယ့် မန်ချက်စတာယူနိုက်တက်ကသာ ခေါ်ယူနိုင်ဖို့အခွင့်အလမ်းများနေပြီး စပို့တင်းအသင်းဘက်က ပြောင်းရွေ့ကြေးများများလိုချင်နေတဲ့အတွက် ကြန့်ကြာနေရတာဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီစပို့တင်းလစ္စဘွန်းအသင်းအတွက် ပြိုင်ပွဲစုံ(၁၅)ဂိုးသွင်းယူပေးထားသူလည်းဖြစ်ပါတယ်။

Unicode

မန္ခ်က္စတာယူႏိုက္တက္ဟာ စပို႔တင္းကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္စ္အတြက္ ေငြအေျမာက္အျမားသုံးစြဲရဖို႔ရွိေနပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ကို လြယ္လြယ္နဲ႔လက္မလႊတ္ဘူးလို႔ စပို႔တင္းအသင္းဘက္က ေျပာဆိုထားၿပီး ေျပာင္းေ႐ြ႕ေၾကးကိုလည္း ျမင့္မားစြာလိုခ်င္ေနတာပါ။ မန္ခ်က္စတာယူႏိုက္တက္ဘက္က ဘ႐ူႏိုဖာနန္ဒက္စ္အတြက္ ေပါင္(၅၁)သန္းနဲ႔ကမ္းလွမ္းခဲ့ေပမယ့္ စပို႔တင္းလစၥဘြန္းအသင္းဘက္ကပယ္ခ်ခဲ့ၿပီး ယခုထက္ျမင့္မားတဲ့ေျပာင္းေ႐ြ႕ေၾကးကိုလိုခ်င္ေနတာျဖစ္ပါတယ္။

စပို႔တင္းနည္းျပဆီလက္ကေတာ့ “ သူက မတူကြဲျပားၿပီးထူးျခားတဲ့ကစားသမားပါ။ ဒီေပၚတူဂီလိဂ္မွာအေကာင္းဆုံးနဲ႔တန္ဖိုးအႀကီးဆုံးကစားသမားလည္းျဖစ္ပါတယ္။ ဒီရာသီကသူ႔ရဲ႕ေနာက္ဆုံးရာသီလည္းျဖစ္ႏိုင္ပါတယ္။ လူေတြေျပာေနၾကတာကြၽန္ေတာ္ၾကားပါတယ္။ ဘ႐ူႏိုက ေငြအမ်ားႀကီးတန္ေၾကးမရွိဘူးဆိုတာပါ။

ဒါေတြကမဟုတ္ပါဘူး။ တကယ္ေတာ့ ဘ႐ူႏိုက ေငြအမ်ားႀကီးေပးတာထက္မကတန္ေၾကးရွိတဲ့သူပါ။ တိုက္စစ္ကိုလိုက္ပါသလို ခံစစ္လည္းကူႏိုင္ပါတယ္။ ဘ႐ူႏိုက အေကာင္းဆုံးနဲ႔တန္ဖိုးအႀကီးဆုံးပါပဲ။ သူ႔လိုကစားသမားမ်ိဳးကို ကြၽန္ေတာ္တို႔ပိုင္ဆိုင္ထားၿပီး ဒီလိုကစားသမားကို လူတိုင္းကလိုခ်င္ၾကတယ္ဆိုတာျဖစ္႐ိုးျဖစ္စဥ္ကိစၥပါပဲ”လို႔ေျပာၾကားသြားခဲ့ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ကို ရီးရဲမက္ဒရစ္၊စပါးအသင္းတို႔ကစိတ္ဝင္စားေနေပမယ့္ မန္ခ်က္စတာယူႏိုက္တက္ကသာ ေခၚယူႏိုင္ဖို႔အခြင့္အလမ္းမ်ားေနၿပီး စပို႔တင္းအသင္းဘက္က ေျပာင္းေ႐ြ႕ေၾကးမ်ားမ်ားလိုခ်င္ေနတဲ့အတြက္ ၾကန႔္ၾကာေနရတာျဖစ္ပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဒီရာသီစပို႔တင္းလစၥဘြန္းအသင္းအတြက္ ၿပိဳင္ပြဲစုံ(၁၅)ဂိုးသြင္းယူေပးထားသူလည္းျဖစ္ပါတယ္။