လူငယ်ခြေတက် ရီစီဂျိမ်းစ်ကို ချဲလ်ဆီး ကာလရှည် သက်တမ်းတိုးလိုက်ပြီ

ချဲလ်ဆီးအသင်းဟာ လူငယ်ခြေတက် နောက်ခံကစားသမားဖြစ်တဲ့ ရီစီဂျိမ်းစ်ကို ကာလရှည်စာချုပ်သက်တမ်း တိုးမြှင့်လိုက်ပြီး ဒီစာချုပ်ကြောင့် ရီစီဂျိမ်းစ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၂၀၂၅ ခုနှစ် နွေရာသီကာလအထိ ဆက်ရှိ နေတော့မှာဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ရီစီဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ဂရင်စဘီကို ၇-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲမှာ ပွဲဦးထွက်ပါဝင် ဂိုးသွင်းခဲ့ပြီးတဲ့နောက် ချဲလ်ဆီးအတွက် ၁၈ ပွဲအထိ ပါဝင်ကစားထားပြီးဖြစ်ပါတယ်။

စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ကာယကံရှင်က “ချဲလ်ဆီးအသင်းမှာ ရှိနေရေးက ကျွန်တော့်အိပ် မက်ဖြစ်ပြီး တစ်ပတ်ပြီးတစ်ပတ် ကစားနေချင်ပါတယ်။ အခု နောက်ထပ် ၅ နှစ်ခွဲ စာချုပ်သစ် ချုပ်နိုင်ခဲ့တာ ကလည်း ကျွန်တော့်အတွက် နောက်တစ်ကြိမ် အိပ်မက်တွေ အကောင်အထည်ပေါ်တာပါ။

ကျွန်တော်က ဒီအသင်းမှာ အမြဲတမ်းရှိနေချင်ပြီး အခုလို စာချုပ်သစ်ချုပ်နိုင်တာဟာ ကျွန်တော့်အတွက် အများကြီး အဓိပ္ပါယ်ရှိသလို မိသားစုအတွက်လည်း အရေးပါ ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

ရီစီဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက အေဂျက်ဇ်အသင်းနဲ့ ၄ ဂိုးစီ သရေကျတဲ့ ချန်ပီယံလိဂ်ပွဲမှာ ချဲလ်ဆီး အသင်း သရေတစ်မှတ်ရစေမယ့် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့သူလည်းဖြစ်ပါတယ်။ ဒီကစားသမားဟာ ချဲလ်ဆီးလူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ပြီး ချဲလ်ဆီးအသင်းဒါရိုက်တာ မာရီနာဂရန်နော့ဗ်စကာရီ ယာကလည်း ရီစီဂျိမ်းစ်ဟာ အသင်းကြီးနဲ့ အလျင်အမြန်အံဝင်လာခဲ့သူတစ်ယောက်ဖြစ်တယ်လို့ ချီးကျူး သွားခဲ့ပါသေးတယ်။ ချဲလ်ဆီးဟာ ရီစီဂျိမ်းစ်အရင် အကယ်ဒမီထွက်ကစားသမားတွေဖြစ်တဲ့ အိုဒွိုင်း၊ မေဆင် မောက်၊ လော့ဖ်တက်ချိခ်၊ တိုမိုရီနဲ့ ဂီလ်မာတို့ကိုလည်း သက်တမ်းတိုးထားနိုင်ခဲ့ပါတယ်။

Unicode

ခ်ဲလ္ဆီးအသင္းဟာ လူငယ္ေျခတက္ ေနာက္ခံကစားသမားျဖစ္တဲ့ ရီစီဂ်ိမ္းစ္ကို ကာလရွည္စာခ်ဳပ္သက္တမ္း တိုးျမႇင့္လိုက္ၿပီး ဒီစာခ်ဳပ္ေၾကာင့္ ရီစီဂ်ိမ္းစ္ဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ၂၀၂၅ ခုႏွစ္ ေႏြရာသီကာလအထိ ဆက္ရွိ ေနေတာ့မွာျဖစ္ပါတယ္။ အသက္ ၂၀ အ႐ြယ္ ရီစီဂ်ိမ္းစ္ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလက ဂရင္စဘီကို ၇-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ကာရာေဘာင္ဖလား တတိယအဆင့္ပြဲမွာ ပြဲဦးထြက္ပါဝင္ ဂိုးသြင္းခဲ့ၿပီးတဲ့ေနာက္ ခ်ဲလ္ဆီးအတြက္ ၁၈ ပြဲအထိ ပါဝင္ကစားထားၿပီးျဖစ္ပါတယ္။

စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ့တဲ့အတြက္ ကာယကံရွင္က “ခ်ဲလ္ဆီးအသင္းမွာ ရွိေနေရးက ကြၽန္ေတာ့္အိပ္ မက္ျဖစ္ၿပီး တစ္ပတ္ၿပီးတစ္ပတ္ ကစားေနခ်င္ပါတယ္။ အခု ေနာက္ထပ္ ၅ ႏွစ္ခြဲ စာခ်ဳပ္သစ္ ခ်ဳပ္ႏိုင္ခဲ့တာ ကလည္း ကြၽန္ေတာ့္အတြက္ ေနာက္တစ္ႀကိမ္ အိပ္မက္ေတြ အေကာင္အထည္ေပၚတာပါ။

ကြၽန္ေတာ္က ဒီအသင္းမွာ အၿမဲတမ္းရွိေနခ်င္ၿပီး အခုလို စာခ်ဳပ္သစ္ခ်ဳပ္ႏိုင္တာဟာ ကြၽန္ေတာ့္အတြက္ အမ်ားႀကီး အဓိပၸါယ္ရွိသလို မိသားစုအတြက္လည္း အေရးပါ ပါတယ္”လို႔ ေျပာသြားခဲ့ပါတယ္။

ရီစီဂ်ိမ္းစ္ဟာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလတုန္းက ေအဂ်က္ဇ္အသင္းနဲ႔ ၄ ဂိုးစီ သေရက်တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ခ်ဲလ္ဆီး အသင္း သေရတစ္မွတ္ရေစမယ့္ အဖိုးတန္ေခ်ပဂိုးကို သြင္းယူေပးခဲ့သူလည္းျဖစ္ပါတယ္။ ဒီကစားသမားဟာ ခ်ဲလ္ဆီးလူငယ္အကယ္ဒမီကေန ထြက္ေပၚလာသူျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဒါ႐ိုက္တာ မာရီနာဂရန္ေနာ့ဗ္စကာရီ ယာကလည္း ရီစီဂ်ိမ္းစ္ဟာ အသင္းႀကီးနဲ႔ အလ်င္အျမန္အံဝင္လာခဲ့သူတစ္ေယာက္ျဖစ္တယ္လို႔ ခ်ီးက်ဴး သြားခဲ့ပါေသးတယ္။ ခ်ဲလ္ဆီးဟာ ရီစီဂ်ိမ္းစ္အရင္ အကယ္ဒမီထြက္ကစားသမားေတြျဖစ္တဲ့ အိုဒြိဳင္း၊ ေမဆင္ ေမာက္၊ ေလာ့ဖ္တက္ခ်ိခ္၊ တိုမိုရီနဲ႔ ဂီလ္မာတို႔ကိုလည္း သက္တမ္းတိုးထားႏိုင္ခဲ့ပါတယ္။