အသက် ၂၆ နှစ်နဲ့တင် ဆုဖလား ၁၇ လုံးပိုင်ထားတဲ့ ဗာရာနီ

ရီးရဲလ်မက်ဒရစ်နောက်ခံကစားသမား ဗာရာနီဟာ အသက် ၂၆ နှစ်အရွယ်မှာတင် ဆုဖလား ၁၇ လုံးအထိ ပိုင်ဆိုင်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီပြင်သစ်သား ကစားသမားကို ၂၀၁၁ ခုနှစ်မှာ လန်းစ်အသင်းကနေ ရီးရဲလ်မက်ဒရစ်က ယူရို ၁၀ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး အသင်းမှာ တောက်လျှောက် ခြေစွမ်းပြလာနိုင်ခဲ့သလို ရီးရဲလ်သမိုင်းမှာ ဆုဖလားအများဆုံးရတဲ့ အသက်အငယ်ဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ရီးရဲလ်အသင်းသမိုင်းမှာ ဆုဖလား အများဆုံးရထားတဲ့သူက ပါကိုဂျန်တိုဖြစ်ပြီး ဆုဖလား ၂၃ လုံးအထိ ရယူထားနိုင်ပါတယ်။ သူ့နောက်မှာတော့ ရာမို့စ်၊ မာဆယ်လိုနဲ့ မာနိုလိုဆန်ချစ်တို့က ၂၁ လုံးစီ ရယူထားနိုင်ပါ တယ်။ ဒါ့အပြင် ကာမာချိုနဲ့ ကားဆီးလက်စ်က ဆုဖလား ၁၉ လုံး၊ ဘန်ဇီမာက ၁၈ လုံး ရထားပါတယ်။ ဒါကြောင့် ဗာရာနီသာ ရီးရဲလ်အသင်းမှာ ကာလရှည်ဆက်ရှိနေနိုင်မယ်ဆိုရင် အဲဒီစံချိန်တွေကို ကျော်ဖြတ်သွား နိုင်ခြေရှိနေတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

ဒီပြင်သစ်သားဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ ဥရောပစူပါဖလား ၃ ကြိမ်၊ ကမ္ဘာ့ကလပ်ဖလား ၄ ကြိမ်၊ လာလီဂါဆုဖလား ၂ ကြိမ်၊ စပိန်ဘုရင့်ဖလား ၁ ကြိမ်နဲ့ စူပါကိုပါဖလား ၃ ကြိမ် ရယူထားနိုင်ခဲ့တာပါ။

ဒါ့အပြင် ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ရခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပါ ထပ်ပေါင်းလိုက် မယ်ဆိုရင် ဗာရာနီရရှိထားတဲ့ ဆုဖလားပေါင်းက ၁၈ လုံးအထိ ရှိပါတယ်။ သူ့ရဲ့ဆုဖလားရရှိမှုကို လိုက်ယှဉ် နိုင်တဲ့ နောက်ခံလူဆိုလို့ အီတလီဂန္ထဝင် မာလ်ဒီနီပဲရှိတယ်လို့လည်း သိရပါတယ်။

Unicode

ရီးရဲလ္မက္ဒရစ္ေနာက္ခံကစားသမား ဗာရာနီဟာ အသက္ ၂၆ ႏွစ္အ႐ြယ္မွာတင္ ဆုဖလား ၁၇ လုံးအထိ ပိုင္ဆိုင္ထားႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဒီျပင္သစ္သား ကစားသမားကို ၂၀၁၁ ခုႏွစ္မွာ လန္းစ္အသင္းကေန ရီးရဲလ္မက္ဒရစ္က ယူ႐ို ၁၀ သန္းနဲ႔ ဝယ္ယူခဲ့တာျဖစ္ၿပီး အသင္းမွာ ေတာက္ေလွ်ာက္ ေျခစြမ္းျပလာႏိုင္ခဲ့သလို ရီးရဲလ္သမိုင္းမွာ ဆုဖလားအမ်ားဆုံးရတဲ့ အသက္အငယ္ဆုံးအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။

ရီးရဲလ္အသင္းသမိုင္းမွာ ဆုဖလား အမ်ားဆုံးရထားတဲ့သူက ပါကိုဂ်န္တိုျဖစ္ၿပီး ဆုဖလား ၂၃ လုံးအထိ ရယူထားႏိုင္ပါတယ္။ သူ႔ေနာက္မွာေတာ့ ရာမို႔စ္၊ မာဆယ္လိုနဲ႔ မာႏိုလိုဆန္ခ်စ္တို႔က ၂၁ လုံးစီ ရယူထားႏိုင္ပါ တယ္။ ဒါ့အျပင္ ကာမာခ်ိဳနဲ႔ ကားဆီးလက္စ္က ဆုဖလား ၁၉ လုံး၊ ဘန္ဇီမာက ၁၈ လုံး ရထားပါတယ္။ ဒါေၾကာင့္ ဗာရာနီသာ ရီးရဲလ္အသင္းမွာ ကာလရွည္ဆက္ရွိေနႏိုင္မယ္ဆိုရင္ အဲဒီစံခ်ိန္ေတြကို ေက်ာ္ျဖတ္သြား ႏိုင္ေျခရွိေနတယ္လို႔ မီဒီယာေတြက သုံးသပ္ပါတယ္။

ဒီျပင္သစ္သားဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္၊ ဥေရာပစူပါဖလား ၃ ႀကိမ္၊ ကမာၻ႔ကလပ္ဖလား ၄ ႀကိမ္၊ လာလီဂါဆုဖလား ၂ ႀကိမ္၊ စပိန္ဘုရင့္ဖလား ၁ ႀကိမ္နဲ႔ စူပါကိုပါဖလား ၃ ႀကိမ္ ရယူထားႏိုင္ခဲ့တာပါ။

ဒါ့အျပင္ ျပင္သစ္လက္ေ႐ြးစင္အသင္းနဲ႔ ရခဲ့တဲ့ ၂၀၁၈ ကမာၻ႔ဖလားပါ ထပ္ေပါင္းလိုက္ မယ္ဆိုရင္ ဗာရာနီရရွိထားတဲ့ ဆုဖလားေပါင္းက ၁၈ လုံးအထိ ရွိပါတယ္။ သူ႔ရဲ႕ဆုဖလားရရွိမႈကို လိုက္ယွဥ္ ႏိုင္တဲ့ ေနာက္ခံလူဆိုလို႔ အီတလီဂႏၴဝင္ မာလ္ဒီနီပဲရွိတယ္လို႔လည္း သိရပါတယ္။