လီဗာပူးလ်-ယူနိုက်တက်ပွဲကိုစိတ်မဝင်စားဘူးလို့ဆိုတဲ့ ဂွါဒီယိုလာ

မန်စီးတီးဂွါဒီယိုလာကတော့ ယခုတစ်ပတ်မှာကစားမယ့် လီဗာပူးလ်-ယူနိုက်တက်ပွဲစဉ်ကိုစိတ်မဝင်စားဘူးလို့ပြောလိုက်ပါတယ်။ အမှတ်ပေးဇယားထိပ်မှာဦးဆောင်နေတဲ့ လီဗာပူးလ်ဟာ ပွဲကျပ်အဖြစ်မန်ချက်စတာယူနိုက်တက်နဲ့တွေ့ဆုံနေတာဖြစ်ပြီး အမှတ်လျော့သွားနိုင်တဲ့အနေအထားရှိနေတာဖြစ်ပေမယ့် ဂွါဒီယိုလာကတော့ မျှော်လင့်ချက်မထားတော့ဘူးလို့ ပြောလိုက်တာပါ။

ဂွါဒီယိုလာက “လီဗာပူးလ်နဲ့က ကျွန်တော်တို့အမှတ်တော်တော်ပြတ်နေပါပြီ။ ဒီတော့လီဗာပူးလ်နဲ့ပတ်သတ်ပြီး ကျွန်တော်ဘာမှမမျှော်လင့်တော့ပါဘူး။ ရာသီကုန်ချိန်ထိ ပြိုင်ပွဲစုံမှာတိုးတက်မှုတွေရှိပြီး ပိုကောင်းအောင်အာရုံစိုက်ဖို့ပဲရှိပါတယ်။ ပရီးမီးယားလိဂ်မှာလည်း တစ်ပွဲချင်းစီအတွက်ပဲပြင်ဆင်ရတော့မှာပါ။ မန်စီးတီးက ကျွန်တော့်ကိုမထုတ်ရင် နောက်ထပ်တစ်နှစ်ဆက်နေရုံပါပဲ။ ဒါကိုကြေညာနေစရာမလိုပါဘူး။ စာချုပ်သက်တမ်းကျန်ပါသေးတယ်။ ဒီတော့၁၀၀ရာခိုင်နှုန်းဆက်နေဖြစ်မှာပါ။

ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့အခြေအနေဖြစ်ခဲ့ရင်တောင် ကျွန်တော်အရှုံးပေးမှာမဟုတ်ပါဘူး။ မန်နေဂျာတွေဆိုတာ ကောင်းတဲ့အခိုက်အတန့်ရှိသလို ဆိုးတဲ့အခါလည်းရှိပါတယ်။ မန်နေဂျာတိုက်ကတော့ အမြဲတမ်းနိုင်အောင်မစွမ်းဆောင်နိုင်ပါဘူး။ အခုချိန်မှာ ကျွန်တော်တို့ညံ့တယ်လို့ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ပွဲတွေရှုံးပြီးအမှတ်တွေလျော့ခဲ့လိုပါ။ ဒီတော့ ပြန်ကောင်းအောင်လုပ်ရုံပါပဲ။ ရိုးရှင်းပါတယ်”လို့ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ လီဗာပူးလ်အသင်းနဲ့ (၁၄)မှတ်ထိကွာဟနေပြီး လီဗာပူးလ်အသင်းကတစ်ပွဲလျော့နေသေးတာကြောင့် အမှတ်ထပ်ပြတ်ဖို့အလားအလာရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ဂွါဒီယိုလာက လီဗာပူးလ်းအသင်း ယူနိုက်တက်နဲ့ပွဲမှာခြေချော်ခဲ့ရင်တောင် မျှော်လင့်ချက်မရှိတော့တဲ့အတွက် လီဗာပူးလ်-ယူနိုက်တက်ပွဲစဉ်ကိုစိတ်မဝင်စားတော့ဘူးလို့ပြောခဲ့တာပါ။

Unicode

မန္စီးတီးဂြါဒီယိုလာကေတာ့ ယခုတစ္ပတ္မွာကစားမယ့္ လီဗာပူးလ္-ယူႏိုက္တက္ပြဲစဥ္ကိုစိတ္မဝင္စားဘူးလို႔ေျပာလိုက္ပါတယ္။ အမွတ္ေပးဇယားထိပ္မွာဦးေဆာင္ေနတဲ့ လီဗာပူးလ္ဟာ ပြဲက်ပ္အျဖစ္မန္ခ်က္စတာယူႏိုက္တက္နဲ႔ေတြ႕ဆုံေနတာျဖစ္ၿပီး အမွတ္ေလ်ာ့သြားႏိုင္တဲ့အေနအထားရွိေနတာျဖစ္ေပမယ့္ ဂြါဒီယိုလာကေတာ့ ေမွ်ာ္လင့္ခ်က္မထားေတာ့ဘူးလို႔ ေျပာလိုက္တာပါ။

ဂြါဒီယိုလာက “လီဗာပူးလ္နဲ႔က ကြၽန္ေတာ္တို႔အမွတ္ေတာ္ေတာ္ျပတ္ေနပါၿပီ။ ဒီေတာ့လီဗာပူးလ္နဲ႔ပတ္သတ္ၿပီး ကြၽန္ေတာ္ဘာမွမေမွ်ာ္လင့္ေတာ့ပါဘူး။ ရာသီကုန္ခ်ိန္ထိ ၿပိဳင္ပြဲစုံမွာတိုးတက္မႈေတြရွိၿပီး ပိုေကာင္းေအာင္အာ႐ုံစိုက္ဖို႔ပဲရွိပါတယ္။ ပရီးမီးယားလိဂ္မွာလည္း တစ္ပြဲခ်င္းစီအတြက္ပဲျပင္ဆင္ရေတာ့မွာပါ။ မန္စီးတီးက ကြၽန္ေတာ့္ကိုမထုတ္ရင္ ေနာက္ထပ္တစ္ႏွစ္ဆက္ေန႐ုံပါပဲ။ ဒါကိုေၾကညာေနစရာမလိုပါဘူး။ စာခ်ဳပ္သက္တမ္းက်န္ပါေသးတယ္။ ဒီေတာ့၁၀၀ရာခိုင္ႏႈန္းဆက္ေနျဖစ္မွာပါ။

ခ်န္ပီယံလိဂ္ဝင္ခြင့္မရတဲ့အေျခအေနျဖစ္ခဲ့ရင္ေတာင္ ကြၽန္ေတာ္အရႈံးေပးမွာမဟုတ္ပါဘူး။ မန္ေနဂ်ာေတြဆိုတာ ေကာင္းတဲ့အခိုက္အတန႔္ရွိသလို ဆိုးတဲ့အခါလည္းရွိပါတယ္။ မန္ေနဂ်ာတိုက္ကေတာ့ အၿမဲတမ္းႏိုင္ေအာင္မစြမ္းေဆာင္ႏိုင္ပါဘူး။ အခုခ်ိန္မွာ ကြၽန္ေတာ္တို႔ညံ့တယ္လို႔ေျပာလို႔ရပါတယ္။ ဘာလို႔လဲဆိုေတာ့ ပြဲေတြရႈံးၿပီးအမွတ္ေတြေလ်ာ့ခဲ့လိုပါ။ ဒီေတာ့ ျပန္ေကာင္းေအာင္လုပ္႐ုံပါပဲ။ ႐ိုးရွင္းပါတယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။

မန္စီးတီးအသင္းဟာ လီဗာပူးလ္အသင္းနဲ႔ (၁၄)မွတ္ထိကြာဟေနၿပီး လီဗာပူးလ္အသင္းကတစ္ပြဲေလ်ာ့ေနေသးတာေၾကာင့္ အမွတ္ထပ္ျပတ္ဖို႔အလားအလာရွိေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဂြါဒီယိုလာက လီဗာပူးလ္းအသင္း ယူႏိုက္တက္နဲ႔ပြဲမွာေျခေခ်ာ္ခဲ့ရင္ေတာင္ ေမွ်ာ္လင့္ခ်က္မရွိေတာ့တဲ့အတြက္ လီဗာပူးလ္-ယူႏိုက္တက္ပြဲစဥ္ကိုစိတ္မဝင္စားေတာ့ဘူးလို႔ေျပာခဲ့တာပါ။