ချန်ပီယံလိဂ်ဖလားကို မန်စီးတီးရနိုင်တယ်လို့ ဒယ်ပီယာရိုသုံးသပ်

ဂျူဗင်တပ်ဂန္ထဝင်ကစားသမား ဒယ်ပီယာရိုက ဒီရာသီ ချန်ပီယံလိဂ်ဖလားကို လီဗာပူးဆီကနေ မန်စီးတီး လွှဲပြောင်းရယူနိုင်ခြေရှိနေတယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီရာသီချန်ပီယံလိဂ် ရဲ့ ရှုံးထွက်အဆင့်ကို အုပ်စုထိပ်ဆုံးနေရာကနေ တက်ရောက်ထားနိုင်ပြီး ၁၆ သင်းအဆင့်မှာ နည်းပြဇီဒန်းကိုင် တွယ်နေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာပါ။

လက်ရှိချန်ပီယံ လီဗာပူးအသင်းကတော့ ၁၆ သင်းအဆင့်မှာ အက်သလက်တီကိုအသင်းနဲ့ ထိပ်တိုက်တွေ့နေ ပြီး နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို အရယူဖို့ အာရုံများနေနိုင်တာကြောင့် ချန်ပီယံလိဂ် ဘက်မှာ လျော့ရဲလာနိုင်တယ်လို့ ဒယ်ပီယာရိုက သုံးသပ်သွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးရပ်တည်နေပြီး အနီးကပ်ဆုံးပြိုင်ဘက်ကို ၁၄ မှတ်အထိ ဖြတ်ထားနိုင်လို့ ချန်ပီယံ ဖြစ်ရေးနဲ့ အင်မတန်နီးစပ်နေပါတယ်။

၁၉၉၆ မှာ ဂျူဗင်တပ်နဲ့အတူ ချန်ပီယံလိဂ်ဆုဖလားရခဲ့ဖူးတဲ့ ဒယ်ပီယာရိုက “မန်စီးတီးအသင်းမှာ အခွင့်အရေး အပြည့်ရှိနေတယ်ဆိုတာ ကျွန်တော် ယုံကြည်နေဆဲပါ။ နှစ်ပေါင်းများစွာ သူတို့တွေ နီးစပ်ခဲ့ပါတယ်။ နောက်တစ်ဆင့်ကို ကျော်ဖြတ်ဖို့ သူတို့မှာ အကြံကောင်းတွေရှိနေမယ်လို့လည်း ထင်တယ်။

လီဗာပူးအသင်း အတွက်လည်း အခွင့်အရေးရှိပါတယ်။ ဘာလို့လဲဆိုတော့ ဂျာဂင်ကလော့ရဲ့ နည်းပြကိုင်တွယ်ပုံကို ကျွန်တော် နှစ်သက်လို့ပါ။ ဒါပေမဲ့ သူတို့ဟာ ပရီးမီးယားလိဂ်ဘက်မှာ အာရုံပိုစိုက်နေနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ချန်ပီယံဘယ်သူဖြစ်မလဲ ရွေးဆိုရင်တော့ မန်စီးတီးပဲရွေးမှာပါ”လို့ ပြောသွားခဲ့တာပါ။

Unicode

ဂ်ဴဗင္တပ္ဂႏၴဝင္ကစားသမား ဒယ္ပီယာ႐ိုက ဒီရာသီ ခ်န္ပီယံလိဂ္ဖလားကို လီဗာပူးဆီကေန မန္စီးတီး လႊဲေျပာင္းရယူႏိုင္ေျခရွိေနတယ္လို႔ သုံးသပ္ေျပာၾကားလိုက္ပါတယ္။ မန္စီးတီးအသင္းဟာ ဒီရာသီခ်န္ပီယံလိဂ္ ရဲ႕ ရႈံးထြက္အဆင့္ကို အုပ္စုထိပ္ဆုံးေနရာကေန တက္ေရာက္ထားႏိုင္ၿပီး ၁၆ သင္းအဆင့္မွာ နည္းျပဇီဒန္းကိုင္ တြယ္ေနတဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ထိပ္တိုက္ရင္ဆိုင္ရမွာပါ။

လက္ရွိခ်န္ပီယံ လီဗာပူးအသင္းကေတာ့ ၁၆ သင္းအဆင့္မွာ အက္သလက္တီကိုအသင္းနဲ႔ ထိပ္တိုက္ေတြ႕ေန ၿပီး ႏွစ္ေပါင္းမ်ားစြာ ေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားကို အရယူဖို႔ အာ႐ုံမ်ားေနႏိုင္တာေၾကာင့္ ခ်န္ပီယံလိဂ္ ဘက္မွာ ေလ်ာ့ရဲလာႏိုင္တယ္လို႔ ဒယ္ပီယာ႐ိုက သုံးသပ္သြားခဲ့တာျဖစ္ပါတယ္။ လီဗာပူးအသင္းဟာ လက္ရွိ ပရီးမီးယားလိဂ္မွာ ထိပ္ဆုံးရပ္တည္ေနၿပီး အနီးကပ္ဆုံးၿပိဳင္ဘက္ကို ၁၄ မွတ္အထိ ျဖတ္ထားႏိုင္လို႔ ခ်န္ပီယံ ျဖစ္ေရးနဲ႔ အင္မတန္နီးစပ္ေနပါတယ္။

၁၉၉၆ မွာ ဂ်ဴဗင္တပ္နဲ႔အတူ ခ်န္ပီယံလိဂ္ဆုဖလားရခဲ့ဖူးတဲ့ ဒယ္ပီယာ႐ိုက “မန္စီးတီးအသင္းမွာ အခြင့္အေရး အျပည့္ရွိေနတယ္ဆိုတာ ကြၽန္ေတာ္ ယုံၾကည္ေနဆဲပါ။ ႏွစ္ေပါင္းမ်ားစြာ သူတို႔ေတြ နီးစပ္ခဲ့ပါတယ္။ ေနာက္တစ္ဆင့္ကို ေက်ာ္ျဖတ္ဖို႔ သူတို႔မွာ အႀကံေကာင္းေတြရွိေနမယ္လို႔လည္း ထင္တယ္။

လီဗာပူးအသင္း အတြက္လည္း အခြင့္အေရးရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ ဂ်ာဂင္ကေလာ့ရဲ႕ နည္းျပကိုင္တြယ္ပုံကို ကြၽန္ေတာ္ ႏွစ္သက္လို႔ပါ။ ဒါေပမဲ့ သူတို႔ဟာ ပရီးမီးယားလိဂ္ဘက္မွာ အာ႐ုံပိုစိုက္ေနႏိုင္တယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ခ်န္ပီယံဘယ္သူျဖစ္မလဲ ေ႐ြးဆိုရင္ေတာ့ မန္စီးတီးပဲေ႐ြးမွာပါ”လို႔ ေျပာသြားခဲ့တာပါ။