တပည့္ေဟာင္းေမာ့ဆက္ကို စိတ္ဝင္စားေနတဲ့ အင္တာမီလန္နည္းျပကြန္တီ

အင္တာမီလန္နည္းျပကြန္တီဟာ ခ်ဲလ္ဆီးအသင္းကိုကိုင္တြယ္ခဲ့စဥ္က အတြဲညီခဲ့တဲ့တပည့္ေဟာင္းေမာ့ဆက္ကိုစိတ္ဝင္စားေနတယ္လို႔သိရပါတယ္။ ေမာ့ဆက္ဟာ ယခုရာသီမွာေတာ့ ဖီနာဘာခ်ီအသင္းထံအငွားနဲ႔သြားေရာက္ကစားေနရၿပီး ခ်ဲလ္ဆီးနည္းျပသစ္လမ္းပတ္လက္ထက္မွာ ေနရာမရခဲ့တာျဖစ္ပါတယ္။

ကြန္တီကေတာ့ တပည့္ေဟာင္းျဖစ္တဲ့ေမာ့ဆက္နဲ႔ျပန္လည္ေပါင္းစည္းဖို႔ဆႏၵရွိေနတာျဖစ္ၿပီး ယူ႐ို(၁၀)သန္းနဲ႔အရေခၚယူဖို႔ျပင္ဆင္ေနတာျဖစ္ပါတယ္။ အင္တာမီလန္အသင္းဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက အသင္းကစားသမားပိုလီတာႏိုနဲ႔ ႐ိုးမားအသင္းကစပင္နယ္ဇိုလာတို႔ကိုအလဲအလွယ္လုပ္ဖို႔ႀကိဳးစားခဲ့ေပမယ့္ ညႇိႏႈိင္းမႈပ်က္ျပယ္ခဲ့ရၿပီး ယခု ေမာ့ဆက္ဘက္ကိုမွ်ားဦးလွည့္လာတာပါ။ အင္တာမီလန္အသင္းဟာ ယခုေဈးကြက္အတြင္း ခပ္သြက္သြက္လႈပ္ရွားေနၿပီး ဂ်႐ူးကိုႏွစ္ႏွစ္စာခ်ဳပ္နဲ႔ ပုဂၢိဳလ္ေရးအရသေဘာတူညီမႈရယူခဲ့ႏိုင္ၿပီျဖစ္သလို မန္ခ်က္စတာယူႏိုက္တက္က အက္ရွ္ေလယန္းကိုလည္း ယူ႐ို(၁.၅)သန္းနဲ႔ေခၚယူႏိုင္ခဲ့တာပါ။

အဲရစ္ဆင္ကိုေခၚယူဖို႔လည္း အနီးစပ္ဆုံးအေနအထားထိေရာက္ေနၿပီး စပါးနည္းျပေမာ္ရင္ညိဳေၾကာင့္သာ ၾကန႔္ၾကာေနရတာျဖစ္ပါတယ္။ ယခုေမာ့ဆက္ကိုပါ ေခၚယူဖို႔ျပင္ဆင္ေနၿပီး အသင္းလူအင္အားကို အေကာင္းဆုံးျဖစ္ေအာင္ အင္တာမီလန္အသင္းျပင္ဆင္ေနတာျဖစ္ပါတယ္။

အင္တာမီလန္အသင္းဟာ လက္ရွိအခ်ိန္မွာေတာ့ စီးရီးေအအမွတ္ေပးဇယား အဆင့္ႏွစ္မွာရပ္တည္ေနၿပီး ဦးေဆာင္သူဂ်ဴဗင္တပ္စ္အသင္းကိုႏွစ္မွတ္အကြာကေနလိုက္လံဖိအားေပးေနတာျဖစ္ပါတယ္။ အင္တာမီလန္အသင္းဟာ ယခုတစ္ပတ္မွာေတာ့ လက္ခ်ီအသင္းနဲ႔ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ယခုရာသီစီးရီးေအခ်န္ပီယံဆုကိုစိန္ေခၚေနတဲ့အသင္းလည္းျဖစ္ပါတယ္။

Unicode

အင်တာမီလန်နည်းပြကွန်တီဟာ ချဲလ်ဆီးအသင်းကိုကိုင်တွယ်ခဲ့စဉ်က အတွဲညီခဲ့တဲ့တပည့်ဟောင်းမော့ဆက်ကိုစိတ်ဝင်စားနေတယ်လို့သိရပါတယ်။ မော့ဆက်ဟာ ယခုရာသီမှာတော့ ဖီနာဘာချီအသင်းထံအငှားနဲ့သွားရောက်ကစားနေရပြီး ချဲလ်ဆီးနည်းပြသစ်လမ်းပတ်လက်ထက်မှာ နေရာမရခဲ့တာဖြစ်ပါတယ်။

ကွန်တီကတော့ တပည့်ဟောင်းဖြစ်တဲ့မော့ဆက်နဲ့ပြန်လည်ပေါင်းစည်းဖို့ဆန္ဒရှိနေတာဖြစ်ပြီး ယူရို(၁၀)သန်းနဲ့အရခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းကစားသမားပိုလီတာနိုနဲ့ ရိုးမားအသင်းကစပင်နယ်ဇိုလာတို့ကိုအလဲအလှယ်လုပ်ဖို့ကြိုးစားခဲ့ပေမယ့် ညှိနှိုင်းမှုပျက်ပြယ်ခဲ့ရပြီး ယခု မော့ဆက်ဘက်ကိုမျှားဦးလှည့်လာတာပါ။ အင်တာမီလန်အသင်းဟာ ယခုဈေးကွက်အတွင်း ခပ်သွက်သွက်လှုပ်ရှားနေပြီး ဂျရူးကိုနှစ်နှစ်စာချုပ်နဲ့ ပုဂ္ဂိုလ်ရေးအရသဘောတူညီမှုရယူခဲ့နိုင်ပြီဖြစ်သလို မန်ချက်စတာယူနိုက်တက်က အက်ရှ်လေယန်းကိုလည်း ယူရို(၁.၅)သန်းနဲ့ခေါ်ယူနိုင်ခဲ့တာပါ။ အဲရစ်ဆင်ကိုခေါ်ယူဖို့လည်း အနီးစပ်ဆုံးအနေအထားထိရောက်နေပြီး စပါးနည်းပြမော်ရင်ညိုကြောင့်သာ ကြန့်ကြာနေရတာဖြစ်ပါတယ်။ ယခုမော့ဆက်ကိုပါ ခေါ်ယူဖို့ပြင်ဆင်နေပြီး အသင်းလူအင်အားကို အကောင်းဆုံးဖြစ်အောင် အင်တာမီလန်အသင်းပြင်ဆင်နေတာဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ လက်ရှိအချိန်မှာတော့ စီးရီးအေအမှတ်ပေးဇယား အဆင့်နှစ်မှာရပ်တည်နေပြီး ဦးဆောင်သူဂျူဗင်တပ်စ်အသင်းကိုနှစ်မှတ်အကွာကနေလိုက်လံဖိအားပေးနေတာဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ ယခုတစ်ပတ်မှာတော့ လက်ချီအသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ယခုရာသီစီးရီးအေချန်ပီယံဆုကိုစိန်ခေါ်နေတဲ့အသင်းလည်းဖြစ်ပါတယ်။