အင်စတာဂရမ်မော်ဒယ်တွေနဲ့ ပါတီပွဲလုပ်ခဲ့တဲ့မန်စီးတီးအသင်းသားများ

မန်စီးတီးအသင်းသားတွေဟာ အက်စတွန်ဗီလာအသင်းကို (၆-၁)ဂိုးနဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲအပြီးမှာ အင်စတာဂရမ်ကမော်ဒယ်တွေကိုခေါ်ပြီး ပါတီပွဲလုပ်သွားခဲ့ပါတယ်။ ပါတီပွဲကိုသွားခဲ့တဲ့ မော်ဒယ်တွေထဲကတချို့က ဒီပုံတွေကိုတင်ခဲ့ပြီးနောက်မှာတော့ လူအများသိရှိသွားတာပါ။ ဒီတစ်ခါတော့ နည်းပြဖြစ်တဲ့ ဂွါဒီယိုလာသဘောကောင်းနေပုံရပြီး ဒီပါတီပွဲလုပ်မယ်ဆိုတာကို သူကိုယ်တိုင်သိတယ်လို့ ကာကွယ်ပြောကြားသွားခဲ့ပါတယ်။

ဂွါဒီယိုလာသိတယ်ဆိုပေမယ့် မန်စီးတီးကစားသမားတွေထဲမှာ အိမ်ထောင်သည်တွေလည်းပါနေတဲ့အတွက် ပါတီမှာကဲခဲ့တဲ့ အိမ်ထောင်သည်အသင်းသားတွေကတော့ အိမ်သူသက်ထားနဲ့ကွိုင်တက်ဖို့များနေပါပြီ။ ဒီသတင်းကိုအစဖော်ခဲ့တာက Mirrorသတင်းစာကဖြစ်ပြီး ပါတီပွဲလုပ်ခဲ့တဲ့ပုံတွေကို မော်ဒယ်တွေက အင်စတာဂရမ်မှာတင်ရာကတစ်ဆင့်ပေါက်ကြားသွားခဲ့တာပါ။ ဒီပါတီပွဲကို Chesire က Mere Golf Resort & Spaမှာပြုလုပ်ခဲ့တယ်လို့ သိရပြီးဂွါဒီယိုလာကတော့ ယခုလိုပဲပြောသွားခဲ့ပါတယ်။

“ဒီကိစ္စကိုကျွန်တော်သိပြီးသားပါ။ အချိန်နည်းနည်းရတဲ့အခါ သူတို့တွေ(အသင်းသားများ) အတူတူညစာစားတာတို့ ၊အသင်းဝန်ထမ်းတွေနဲ့အချိန်ဖြုန်းတာတို့ လုပ်တတ်ကြပါတယ်။ သူတို့အပြင်ကိုအတူတူသွားတာပဲဖြစ်ဖြစ်၊ အိမ်တစ်အိမ်အိမ်မှာအတူတူရှိနေတာပဲဖြစ်ဖြစ်အခုလို စားသောက်ဆိုင်သွားကြတာပဲဖြစ်ဖြစ် ကျွန်တော်သဘောကျပါတယ်”လို့ဂွါဒီယိုလာက ကာကွယ်ပြောကြားသွားတာပါ။ ဒီပါတီပွဲကိုလုပ်တဲ့နေ့ဟာ အက်စတွန်ဗီလာအသင်းနဲ့ကစားခဲ့တဲ့ပွဲအပြီးမှာဖြစ်တာကြောင့် ဘောက်ဆင်ဒေးနေ့လည်းဖြစ်ပြီး ပွဲတွေဆက်တိုက်ကစားရမယ့်အချိန်မှာအပျော်ကျူးခဲ့ကြတာဖြစ်ပေမယ့် ဂွါဒီယိုလာကနားလည်ပေးခဲ့တာပါ။

ပါတီပွဲကိုလာတဲ့မော်ဒယ်တွေဟာ အီတလီကနေလာရောက်ခဲ့တယ်လို့သိရပြီး ကံကောင်းတာကတော့ ပါတီပွဲမှာ ဘယ်သူဘယ်ဝါတွေပါဝင်တယ်လို့အတိအကျမပါဘဲ မန်စီးတီးအသင်းသားတွေလို့သာပါတဲ့အတွက် အိမ်သူသက်ထားတွေအနေနဲ့ ပြဿနာရှာလို့မရဘူးဖြစ်နေတာပါ။

Unicode

မန္စီးတီးအသင္းသားေတြဟာ အက္စတြန္ဗီလာအသင္းကို (၆-၁)ဂိုးနဲ႔ ဂိုးျပတ္ႏိုင္ခဲ့တဲ့ပြဲအၿပီးမွာ အင္စတာဂရမ္ကေမာ္ဒယ္ေတြကိုေခၚၿပီး ပါတီပြဲလုပ္သြားခဲ့ပါတယ္။ ပါတီပြဲကိုသြားခဲ့တဲ့ ေမာ္ဒယ္ေတြထဲကတခ်ိဳ႕က ဒီပုံေတြကိုတင္ခဲ့ၿပီးေနာက္မွာေတာ့ လူအမ်ားသိရွိသြားတာပါ။ ဒီတစ္ခါေတာ့ နည္းျပျဖစ္တဲ့ ဂြါဒီယိုလာသေဘာေကာင္းေနပုံရၿပီး ဒီပါတီပြဲလုပ္မယ္ဆိုတာကို သူကိုယ္တိုင္သိတယ္လို႔ ကာကြယ္ေျပာၾကားသြားခဲ့ပါတယ္။

ဂြါဒီယိုလာသိတယ္ဆိုေပမယ့္ မန္စီးတီးကစားသမားေတြထဲမွာ အိမ္ေထာင္သည္ေတြလည္းပါေနတဲ့အတြက္ ပါတီမွာကဲခဲ့တဲ့ အိမ္ေထာင္သည္အသင္းသားေတြကေတာ့ အိမ္သူသက္ထားနဲ႔ကြိဳင္တက္ဖို႔မ်ားေနပါၿပီ။ ဒီသတင္းကိုအစေဖာ္ခဲ့တာက Mirrorသတင္းစာကျဖစ္ၿပီး ပါတီပြဲလုပ္ခဲ့တဲ့ပုံေတြကို ေမာ္ဒယ္ေတြက အင္စတာဂရမ္မွာတင္ရာကတစ္ဆင့္ေပါက္ၾကားသြားခဲ့တာပါ။ ဒီပါတီပြဲကို Chesire က Mere Golf Resort & Spaမွာျပဳလုပ္ခဲ့တယ္လို႔ သိရၿပီးဂြါဒီယိုလာကေတာ့ ယခုလိုပဲေျပာသြားခဲ့ပါတယ္။

“ဒီကိစၥကိုကြၽန္ေတာ္သိၿပီးသားပါ။ အခ်ိန္နည္းနည္းရတဲ့အခါ သူတို႔ေတြ(အသင္းသားမ်ား) အတူတူညစာစားတာတို႔ ၊အသင္းဝန္ထမ္းေတြနဲ႔အခ်ိန္ျဖဳန္းတာတို႔ လုပ္တတ္ၾကပါတယ္။ သူတို႔အျပင္ကိုအတူတူသြားတာပဲျဖစ္ျဖစ္၊ အိမ္တစ္အိမ္အိမ္မွာအတူတူရွိေနတာပဲျဖစ္ျဖစ္အခုလို စားေသာက္ဆိုင္သြားၾကတာပဲျဖစ္ျဖစ္ ကြၽန္ေတာ္သေဘာက်ပါတယ္”လို႔ဂြါဒီယိုလာက ကာကြယ္ေျပာၾကားသြားတာပါ။ ဒီပါတီပြဲကိုလုပ္တဲ့ေန႔ဟာ အက္စတြန္ဗီလာအသင္းနဲ႔ကစားခဲ့တဲ့ပြဲအၿပီးမွာျဖစ္တာေၾကာင့္ ေဘာက္ဆင္ေဒးေန႔လည္းျဖစ္ၿပီး ပြဲေတြဆက္တိုက္ကစားရမယ့္အခ်ိန္မွာအေပ်ာ္က်ဴးခဲ့ၾကတာျဖစ္ေပမယ့္ ဂြါဒီယိုလာကနားလည္ေပးခဲ့တာပါ။

ပါတီပြဲကိုလာတဲ့ေမာ္ဒယ္ေတြဟာ အီတလီကေနလာေရာက္ခဲ့တယ္လို႔သိရၿပီး ကံေကာင္းတာကေတာ့ ပါတီပြဲမွာ ဘယ္သူဘယ္ဝါေတြပါဝင္တယ္လို႔အတိအက်မပါဘဲ မန္စီးတီးအသင္းသားေတြလို႔သာပါတဲ့အတြက္ အိမ္သူသက္ထားေတြအေနနဲ႔ ျပႆနာရွာလို႔မရဘူးျဖစ္ေနတာပါ။