လုံခြုံရေးကြောင့် အရှေ့အလယ်ပိုင်းလေ့ကျင့်ရေးအစီအစဉ်ကို ဖျက်သိမ်းလိုက်တဲ့ မန်ချက်စတာယူနိုက်တက်

January 15, 2020 N2 Tit 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ လုံခြုံရေးအခြေအနေကြောင့် အရှေ့အလယ်ပိုင်းကိုသွားရောက်ပြီး ရာသီဝက်လေ့ကျင့်ခန်းပြုလုပ်မယ့်အစီအစဉ်ကိုဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။ ယခုအခါ အရှေ့အလယ်ပိုင်းနိုင်ငံများအတွင် နိုင်ငံရေးမတည်ငြိမ်မှုများရှိနေတဲ့အတွက် ယင်းအစီအစဉ်ကိုဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ယူနိုက်တက်နည်းပြဆိုးရှားလ်က အတည်ပြုခဲ့တာပါ။ ဥရောပအသင်းတွေဟာ ဆောင်းရာသီကာလအတွင်း ဒူဘိုင်းကိုသွားရောက်ကာ ရာသီဝက်ပြင်ဆင်မှုများပြုလုပ်လေ့ရှိပေမယ့် ယခုနှစ်မှာတော့ အမေရိကန်ပြည်ထောင်စုနဲ့ အီရန်အကြားစစ်ရေးတင်းမာမှုတွေရှိနေပြီ ဒေသတွင်းမတည်ငြိမ်မှုတွေဖြစ်ပေါ်နေတာကြောင့် မန်ချက်စတာယူနိုက်တက်က ဆုံးဖြတ်ချက်ကိုပြန်လည်ပြင်ဆင်ခဲ့တာပါ။ ဒါပေမဲ့လည်း ယူနိုက်တက်ရှိကစားသမားတိုင်းဟာ ဒူဘိုင်းရဲ့ ပြည်ဝင်ခွင့်စည်းမျဉ်းစည်းကမ်းတွေနဲ့ညှိစွန်းခြင်းမရှိလို့သွားရောက်လို့ရပေမယ့် ယူနိုက်တက်အသင်းရဲ့ကျော်ကြားမှုကြောင့် […]

ဟာလန်းအတွက်အချိန်လိုတယ်လို့သတိပေးလိုက်တဲ့ ဒေါ့မွန်အသင်းဥက္ကဌ

January 15, 2020 N2 Tit 0

ဆဲလ်ဘတ်အသင်းကနေပြောင်းရွေ့လာတဲ့ လူငယ်ကြယ်ပွင့်ဟာလန်းခြေစွမ်းတိုးတက်ဖို့ဆိုရင်အချိန်လိုတယ်လို့ ဒေါ့မွန်အသင်းဥက္ကဌရာအူဘောကသတိပေးလိုက်ပါတယ်။ ဟာလန်းဟာ ယခုဆောင်းရာသီဈေးကွက်အတွင်းက ဆဲလ်ဘတ်အသင်းကနေ ယူရိုသန်း(၂၀)နဲ့ဒေါ့မွန်အသင်းကိုရောက်ရှိလာခဲ့သူဖြစ်ပြီး ဟာလန်းရဲ့အသက်အရွယ်ကငယ်ရွယ်သေးတာကြောင့် ဝေဖန်မှုတွေကိုခံနိုင်ရည်မရှိသေးကြောင်းနဲ့ အချိန်ပေးဖိုလိုတယ်လို့ ဒေါ့မွန်အသင်းဥက္ကဌကပြောကြားပေးခဲ့တာပါ။ ဒေါ့မွန်အသင်းဥက္ကဌက “ပထမဆုံးထောက်ပြချင်တာက လုံးဝမျက်ကွယ်ပြုလုပ်လို့မရပါဘူး။ ဟာလန်းရဲ့အသက်က (၁၉)နှစ်ပဲရှိပါသေးတယ်။ သူ့ရဲ့တိုးတက်မှုအတွက် အချိန်လိုပါသေးတယ်။ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ ကျွန်တော်တို့ကိုကူညီနိုင်တယ်ဆိုတာသိထားပြီး သူ့အပေါ်ယုံကြည်မှုအပြည့်ရှိပါတယ်။ သူ့ရဲ့ရပ်တည်မှုအတွက် အသင်းအပြင်ဘက်ကလာမယ့် အနုတ်လက္ခဏာဆောင်တဲ့ဝေဖန်မှုတွေကိုကျွန်တော်တို့ကာကွယ်ပေးဖို့လိုပါတယ်။ ဟာလန်း […]

ဘာစီလိုနာမှ ဗယ်ဗာဒီ ထုတ်ပယ်ခံရ ဘက်တစ်နည်းပြဟောင်း ကီကေဆက်တီယန်ကို အစားထိုးခန့်အပ်

January 14, 2020 N2 Tit 0

ဘာစီလိုနာအသင်းဟာ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပေမဲ့ သူတို့ရဲ့နည်းပြ ဗယ်ဗာဒီကို ရာထူးက ထုတ်ပယ်လိုက်ပြီး ဘက်တစ်နည်းပြဟောင်း ကီကေဆက်တီယန်နဲ့ အစားထိုးခန့်အပ်လိုက်ပါတယ်။ ဒါဟာ ဘာစီလိုနာအနေနဲ့ ရာသီဝက်ကာလမှာ နည်းပြတစ်ဦးကို ထုတ်ပယ်တာ ၁၇ နှစ်အတွင်း ပထမဆုံး အကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။ အခု ဘာစီလိုနာအသင်းက အစားထိုးခန့်အပ်လိုက်တဲ့ အသက် ၆၁ […]

VAR ဒိုင်လူကြီးတွေကို မော်ရင်ဟို ဝေဖန်

January 12, 2020 N2 Tit 0

စပါးနည်းပြ မော်ရင်ဟိုက လီဗာပူးကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လူငယ်ကစားသမား တန်ဂန်ဂါကို ကြမ်းကြမ်း တမ်းတမ်း ဖျက်ထုတ်ခဲ့တဲ့ အန်ဒီရော်ဘတ်ဆင်ကို အရေးမယူခဲ့တဲ့တွက် VAR ကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။ လီဗာပူးနောက်ခံလူ ရော်ဘတ်ဆင်ဟာ ပွဲချိန် ၆၆ မိနစ်မှာ စပါးကွင်းဘက်ခြမ်းမှာ ဘောလုံးဆုံးရှုံးသွားပြီးနောက် သူ့အမှားကို ပြန်အဖတ်ဆယ်တဲ့အနေနဲ့ […]

ဂလေဇာမိသားစုကို ဝေဖန်အော်ဟစ်ခဲ့တဲ့ ပရိသတ်တွေကို ဆိုးလ်ရှားဝေဖန်

January 12, 2020 N2 Tit 0

မန်ယူအသင်းက နောဝှစ်ချ်အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းပိုင်ရှင် ဂလေဇာမိသားစုနဲ့ အမှုဆောင် ချုပ် အက်ဝုဒ်ဝက်ဒ်ကို ပြစ်တင်ဝေဖန်သံတွေနဲ့ ကြွေးကြော်ခဲ့ကြတဲ့ ပရိသတ်တွေအပေါ် နည်းပြ ဆိုးလ်ရှားက ဝေဖန်လိုက်ပါတယ်။ မန်ယူအသင်းဟာ ၂၀၂၀ ခုနှှစ်အတွင်း ပထမဆုံးနိုင်ပွဲကို အဲဒီပွဲမှာ ရယူနိုင်ခဲ့တာဖြစ်ပေမဲ့ အသင်းပရိသတ်တွေကတော့ ဒုတိယပိုင်းမှာ “ဂလေဇာမိသားစု […]

စပါးကိုနိုင်ပြီးနောက် စံချိန်တစ်ခုထပ်တင်နိုင်ခဲ့တဲ့ လီဗာပူး

January 12, 2020 N2 Tit 0

လီဗာပူးအသင်းဟာ စပါးအသင်းကို အနိုင်ရခဲ့ပြီးနောက် ဥရောပထိပ်တန်းလိဂ် ၅ ခုအနက် ရာသီအစပိုင်းကို အကောင်းဆုံးဖြတ်သန်းနိုင်တဲ့အသင်းအဖြစ် သမိုင်းမှတ်တမ်းရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။ နည်းပြ ဂျာဂင် ကလော့ရဲ့လီဗာပူးအသင်းဟာ မြောက်ပိုင်းလန်ဒန်ကလပ်ကို အနိုင်ရပြီးနောက် အနီးကပ်ဆုံးပြိုင်ဘက် လက်စတာကို ၁၆ မှတ်အထိ ဖြတ်ထားနိုင်ပြီး နှစ် ၃၀ အတွင်း ပရီးမီးယားလိဂ်ဆုဖလားကို ပြန်ရယူနိုင်ဖို့ […]

ဟယ်ရီကိန်း ဒဏ်ရာခွဲစိတ်မှု အောင်မြင်

January 12, 2020 N2 Tit 0

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ဘယ်ဖက်တံကောက်ကြောဒဏ်ရာ ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး လက်ရှိတွင် ပြန်လည်နလန်ထလာနိုင်ရေးအတွက်သာ အာရုံစိုက်ရတော့မယ်လို့ သိရပါတယ်။ ဒီအင်္ဂလန်အသင်းခေါင်း ဆောင်ဟာ နှစ်သစ်ကူးနေ့က ဆောက်သမ်တန်ကို ရှုံးတဲ့ပွဲမှာ အဲဒီဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူ့ရဲ့ဒဏ်ရာကို စစ်ဆေးမှုတွေလုပ်ခဲ့ပြီး အထူးကုတွေက ခွဲစိတ်ကုသဖို့ လိုအပ်တယ်လို့ အကြံ ပေးခဲ့တာဖြစ်ကြောင်းလည်း စပါးအသင်းက အတည်ပြုထုတ်ပြန်ပေးခဲ့ပါတယ်။ အခုတော့ […]

ဒီဖိုးကို‌ခေါ်ယူဖို့တိုက်တွန်းခံနေရတဲ့ စပါးအသင်း

January 12, 2020 N2 Tit 0

စပါးအသင်းအနေနဲ့ ဝါရင့်တိုက်စစ်မှုးဒီဖိုးကိုခေါ်ယူသင့်တယ်လို့ အသင်းကစားသမားဟောင်း ဂယ်ရီမတ်ဘတ်ကတိုက်တွန်းလိုက်ပါတယ် ။စပါးအသင်းဟာ ဟယ်ရီကိန်းကိုဒဏ်ရာကြောင့် ကာလရှည်လက်လွှတ်ထားရပြီး တိုက်စ်မှုးအသစ်လိုအပ်နေတာဖြစ်ပါတယ်။ ဒါကြောင့်ဝါရင့်တိုက်စစ်မှုးဒီဖိုးကို‌ခေါ်ယူဖို့တိုက်တွန်းခံနေရတာဖြစ်ပြီး လိုင်ယွန်တိုက်စစ်မှုးမူဆာဒမ်ဘီလီကိုလည်းစောင့်ကြည့်နေတာပါ။ စပါးကစားသမားဟောင်းဂယ်ရီမတ်ဘတ်က “ဒီအတိုင်းသွားလို့မရပါဘူး။ အသင်းရဲ့အဓိကကစားသမားကိုနှစ်လ သုံးလလောက်လက်လွှတ်ရတော့မှာပါ။ ဘယ်ကစားသမားမှခေါ်လို့မရဘူးဆိုရင်တောင် ဒီဖိုးကအငှားနဲ့ပြန်ခေါ်လို့ရပါတယ်”လို့ပြောကြားသွားခဲ့ပါတယ်။ ဒီဖိုးဟာ စပါးအသင်းရဲ့ကစားသမားဟောင်းဖြစ်ပြီးလက်ရှိအချိန်မှာတော့ ရိန်းဂျားအသင်းမှာကစားနေတာဖြစ်ပါတယ်။ ဒီဖိုးဟာ စပါးအသင်းအတွက်(၂၇၆)ပွဲကစား (၉၁)ဂိုးသွင်းယူထားပြီး လက်ရှိကလပ်ရိန်းဂျားမှာတော့ (၃၂)ပွဲကစား (၁၉)ဂိုးသွင်းယူထားပါတယ်။ […]

ဒူးဒဏ်ရာကြောင့် အနားယူရတော့မယ့် ဘာစီလိုနာတိုက်စစ်မှုးဆွာရက်ဇ်

January 12, 2020 N2 Tit 0

ဘာစီလိုနာတိုက်စစ်မှုးဆွာရက်ဇ်ဟာ ဒူးဒဏ်ရာကိုခွဲစိတ်ကုသရမှာဖြစ်တာကြောင့် ရက်သတ္တပတ်အနည်းငယ်အနားယူရတော့မယ်လို့သိရပါတယ်။ ဆွာရက်ဇ်ဟာ ဒီရာသီမှာပုံစံကောင်းပြသနေတဲ့ကစားသမားဖြစ်ပြီး ဒဏ်ရာဟောင်းပြန်ပေါ်လာခဲ့တဲ့အတွက် ဆော်ဒီမှာကစားတဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲစဉ်မှာလည်း ဆေးထိုးကစားခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ‘ အသင်းကြီးကစားသမားတစ်ယောက်ဖြစ်တဲ့ဆွာရက်ဇ်ကို အခုတနင်္ဂနွေမှာ ဒေါက်တာရေမွန်ကူးဂတ်ကခွဲစိတ်ကုသမှာဖြစ်ပါတယ်။ သူ့ရဲ့ဆိုးဆိုးရွားရွားဖြစ်နေတဲ့ ညာဘက်ဒူးဒဏ်ရာကိုခွဲစိတ်ရမှာဖြစ်တာကြောင့် ရက်သတ္တပတ်အနည်းငယ်လောက်အနားယူရမှာဖြစ်ပါတယ်’လို့ ဖော်ပြထားပါတယ်။ ဆွာရက်ဇ်ဟာ အလားတူဒဏ်ရာမျိုးကို (၂၀၁၇-၁၈)ရာသီနဲ့ (၂၀၁၈-၁၉)ရာသီတို့မှာလည်းရရှိခဲ့ဖူးပြီး ပွဲစဉ်အများစုကိုလွဲချော်ခဲ့ရပါသေးတယ်။ ဆွာရက်ဇ်ဟာ ဒီရာသီဘာစီလိုနာအသင်းအတွက်ပြိုင်ပွဲစုံ […]

အသင်းလူစာရင်းအပေါ်စိတ်ပျက်နေတဲ့ ဘိုင်ယန်နောက်ခံလူ

January 12, 2020 N2 Tit 0

ဘိုင်ယန်မြူးနစ်အသင်းနောင်ခံလူဂျိုရှူအာကင်းမစ်ချ်ကတော့ လက်ရှိအသင်းလူစာရင်းဟာ လိုအပ်ချက်တွေရှိနေကြောင်းနဲ့ အားမလိုအားမရဖြစ်နေတယ်လို့ပြောကြားလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ကာလကြာရှည်စွာအားကိုးခဲ့ရတဲ့ တောင်ပံကစားသမားတွေဖြစ်တဲ့ ရော်ဘင်၊ရစ်ဘာရီတို့ကိုဆုံးရှုံးခဲ့ရပြီဖြစ်သလို လက်ရှိမှာလည်းနာဘရီ၊ကိုးမန်း၊လီဝန်ဒေါစကီးတို့အပါအဝင်ကစားသမားအများစုကို ဒဏ်ရာကြောင့် လက်လွှတ်ထားရတာဖြစ်ပါတယ်။ ဒါကြောင့်ကင်းမစ်ချ်က ‘ဒိုဟာမှာလုပ်တဲ့ ကျွန်တော်တို့လေ့ကျင့်ခန်းအစီအစဉ်ကိုခင်ဗျားတို့မြင်မှာပါ။ ကျွန်တော်တို့မှာ ပရော်ဖက်ရှင်နယ်စစ်စစ်ကစားသမားဆိုလို့(၁၂)ယောက် (၁၃)ယောက်ပဲရှိပြီး လူငယ်တွေများပါတယ်။ လူငယ်ကစားသမားတွေသာ လူစာရင်းမှာပြည့်နေတာပါ။ ကျွန်တော်တို့ကရာသီကုန်ထိ ပြိုင်ပွဲသုံးပွဲလောက်ကစားနေရတာဖြစ်ပြီး နိုင်ငံတကာအဆင့်ကစားသမားတွေလိုပါတယ်။ အခုဆို ကျွန်တော်တို့မှာဒဏ်ရာရကစားသမားတွေများနေပါပြီ။ […]