စံချိန်တင်ခေါ်ယူမှုတစ်ခုပြုလုပ်ဖွယ်ရှိနေတဲ့ လီဗာပူးလ်

January 17, 2020 Pan Da 0

လီဗာပူးလ်အသင်းဟာ ယခုဆောင်းရာသီဈေးကွက်အတွင်းစံချိန်တင်ခေါ်ယူမှုတစ်ခုပြုလုပ်ဖွယ်ရှိနေတယ်လို့သိရပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့အသင်းဖြစ်ပြီး ချန်ပီယံဆုဆွတ်ခူးဖို့အတွက်အလားအလာကောင်းနေတာဖြစ်ပါတယ်။ ဒါကြောင့် ကျန်ရာသီဝက်ကာလကိုအရှိန်အဟုန်နဲ့ဖြတ်သန်းဖို့ကြိုးစားနေတဲ့ လီဗာပူးလ်အသင်းဟာ လူအင်အားထပ်မံဖြည့်တင်းလိုနေပြီး လေဗာကူဆင်ကြယ်ပွင့်ကိုင်ဟားဗတ်ဇ်ကို အသင်းစံချိန်တင်ကြေးနဲ့ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။ စပိန်သတင်းစာတွေရဲ့အဆိုအရ လီဗာပူးလ်အသင်းဟာ ကိုင်ဟားဗတ်ဇ်အတွက် ပေါင်(၁၀၇)သန်းအထိအသုံးပြုဖို့စီစဉ်နေပြီး အသင်းစံချိန်တင်ကြေးနဲ့ခေါ်ယူခဲ့တဲ့ ဗန်ဒိုက်ခ်(ပေါင်၇၅)သန်း)ရဲ့စံချိန်ကိုချိုးဖြတ်ဖို့အသင့်ရှိနေတာဖြစ်ပါတယ်။ ကာယကံရှင် ဟားဗတ်ဇ်ကတော့ “အရိုးသားဆုံးပြောရရင် ကစားသမားဘဝနောက်တစ်ဆင့်ကိုတက်ဖို့ဆိုရင် တချို့အရာတွေလုပ်ဖို့လိုပါသေးတယ်။ အတိအကျဖြစ်လာမယ့်အရာတွေအပေါ်မှာတော့ ဘာမှစိုးရိမ်ပူပန်မှုတော့မရှိပါဘူး။ […]

စီရော်နာဒိုကြောင့်တစ်နှစ်တာအကောင်းဆုံးအသင်းက အပယ်ခံရတဲ့ကန်တေ

January 17, 2020 Pan Da 0

ချဲလ်ဆီးအသင်းကွင်းလယ်လူကန်တေဟာ UEFAရဲ့ (၂၀၁၉)တစ်နှစ်တာအကောင်းဆုံးအသင်းမှာရွေးချယ်ခံခဲ့ရပေမယ့် စီရော်နာဒိုကြောင့် အပယ်ခံခဲ့ရပါတယ်။ UEFAဟာ တစ်နှစ်တာအကောင်းဆုံးအသင်းကို ပရိတ်သတ်တွေရဲ့မဲဆန္ဒအနည်းအများပေါ်မူတည်ကာ ရွေးချယ်ခဲ့တာဖြစ်ပြီး ပရိတ်သတ်များတဲ့ စီရော်နာဒိုကိုထည့်သွင်းနိုင်ရန်အတွက် ကန်တေကို လူစာရင်းကနေဖြုတ်ခဲ့ရတာဖြစ်ပါတယ်။ UEFAဟာလူစာရင်းကို (၄-၂-၄)ကစားကွက်နဲ့ရွေးချယ်ခဲ့တာဖြစ်ပြီး (၂၀၁၇)မှာ (၄-၄-၂)ကစားကွက်နဲ့လူရွေးချယ်ခဲ့တာကလွဲရင် နောက်ဆုံးခြောက်နှစ်မှာ ငါးနှစ်တိတိ (၄-၃-၃)ကစားကွက်နဲ့သာရွေးချယ်ခဲ့တာပါ။ ယခုနှစ်မှာတော့ တိုက်စစ်ပိုင်းမှာ စီရော်နာဒိုထက်မဲပိုသာနေတဲ့ လီဝန်ဒေါစကီး၊ မက်ဆီ၊မာနေးတို့ရှိနေတဲ့အတွက် […]

ပီအက်စ်ဂျီနောက်ခံလူကိုအလိုရှိနေတဲ့ အာဆင်နယ်

January 17, 2020 Pan Da 0

အာဆင်နယ်အသင်းဟာ ခံစစ်ပိုင်းအတွက် ပီအက်စ်ဂျီနောက်ခံလူကာဇာဝါကို အလိုရှိနေတယ်လို့သိရပါတယ်၊ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မန်စီးတီးနောက်ခံလူစတုန်းကိုကမ်းလှမ်းခဲ့ပြီး ပယ်ချခံခဲ့ရတာပါ။ ယခုလည်းပီအက်စ်ဂျီဘယ်နောက်ခံလူ ကာဇာဝါကိုမျက်စိကျနေတာဖြစ်ပြီး အသင်းရဲ့ဘယ်ခံစစ်အတွက်အားဖြည့်လိုနေတာပါ။ ကာဇာဝါနဲ့ ပီအက်စ်ဂျီအသင်းရဲ့စာချုပ်သက်တမ်းဟာ လာမယ့်ဇွန်လမှာကုန်ဆုံးမှာဖြစ်ပြီး အာဆင်နယ်အသင်းကလည်း အကြိုသဘောတူညီမှုရယူထားကာ လာမယ့်နွေရာသီမှအလွတ်ပြောင်းရွေ့ကြေးနဲ့ခေါ်ယူချင်နေတာဖြစ်ပါတယ်။ အသက်(၂၇)နှစ်အရွယ်အဆိုပါနောက်ခံလူဟာ ပီအက်စ်ဂျီအသင်းမှာပွဲထွက်ခွင့်ပျောက်ဆုံးနေသူဖြစ်ပြီး ယခုရာသီမှာအသင်းအတွက်ပြင်သစ်လိဂ်ဝမ်းပွဲစဉ် (၁၁)ပွဲကစားထားသူပါ။ ကာဇာဝါကို အာဆင်နယ်အပြင် စပါး၊ဝက်စ်ဟမ်း၊ အင်တာမီလန်အသင်းတို့ကလည်းစိတ်ဝင်စားနေပြီး […]

အီဗရာဟီမိုဗစ်ရဲ့ကြိုးစားမှုကို မယုံနိုင်အောင်ဖြစ်နေတဲ့ အေစီနည်းပြ

January 17, 2020 Pan Da 0

အေစီမီလန်နည်းပြပီအိုလီဟာ အသင်းကိုရောက်ရှိလာတဲ့အီဗရာဟီမိုဗစ်ရဲ့ အသက်အရွယ်နဲ့မလိုက်အောင်ကြိုးစားအားထုတ်ပုံကို အံ့ဩမိကြောင်းပြောကြားသွားခဲ့ပါတယ်။ အသက်(၃၈)နှစ်အရွယ် အီဗရာဟီမိုဗစ် အေစီမီလန်ကိုရောက်လာတာဟာ စီးရီးအေပြိုင်ပွဲအတွက်အလွန်အရေးပါတယ်လို့လည်း ပီအိုလီကယုံကြည်နေတာပါ။ အေစီနည်းပြပီအိုလီက “ အီဗရာဟီမိုဗစ်ကို စာချုပ်ချုပ်ဆိုနိုင်ခဲ့တာဟာ အရမ်းကိုအရေးပါပါတယ်။ လေ့ကျင့်ရေးကွင်းမှာနေ့စဉ်သူဘာတွေလုပ်နေတာ၊ ကက်ဂလီယာရီနဲ့ပွဲမှာဘာလုပ်ခဲ့တာ၊ နောက်ထပ်ဘာတွေလုပ်ပြဦးမယ်ဆိုတာတွေက တကယ်တော့အရေးကြီးပါတယ်။ အီဗရာက ကျွန်တော်တို့ကို တိုးတက်မှုတွေဖြစ်စေပြီး စိတ်ကျေနပ်မှုတွေပေးစွမ်းနိုင်ပါတယ်။ သူကပရော်ဖက်ရှင်နယ်ကျသူပါ။ သူကအရာအားလုံးကိုဦးဆောင်မောင်းနှင်နေသူပါ။ ချန်ပီယံတစ်ယောက်ရဲ့ […]

အင်္ဂလန်မြေနဲ့ စပိန်မြေကို မျက်စောင်းထိုးနေတဲ့ ပိုချက်တီနို

January 17, 2020 Pan Da 0

စပါးနည်းပြဟောင်း ပိုချက်တီနိုက ဘောလုံးလောကထဲ ပြန်ဝင်လာတော့မယ့်အကြောင်းကို မီဒီယာတစ်ခုမှာ ပြောသွားခဲ့ပြီး သူ ပြန်ခြေချနိုင်တဲ့နေရာဟာ စပိန်၊ ဒါမှမဟုတ် အင်္ဂလန်မြေ ဖြစ်လာနိုင်တယ်ဆိုတာကိုလည်း အရိပ်အမြွက် ဖွင့်ဟသွားခဲ့ပါတယ်။ ဒီအာဂျင်တီးနားသားနည်းပြဟာ လန်ဒန်မှာ ပြုလုပ်တဲ့ လာလီဂါတီဗီ ရုပ်သံ အခမ်းအနားပွဲကို တက်ရောက်လာခဲ့ပြီး အခုလို ပြောသွားခဲ့တာလို့ သိရပါတယ်။ ပိုချက်တီနိုဟာ […]

အက်ဖ်အေဖလား ပြန်ကန်ပွဲမကစားလိုတဲ့ အာတီတာ

January 17, 2020 Pan Da 0

အာဆင်နယ်နည်းပြ အာတီတာက ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအရေးထက် ပွဲစဉ်ဇယားတွေကိုသာ ဦးစားပေး ရေးဆွဲနေတဲ့ ဘောလုံးအာဏာပိုင်တွေအပေါ် ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေဟာ နောက်လထဲမှာ ပထမဆုံးအကြိမ်အဖြစ် နားရက် နှစ်ပတ်ရမယ်လို့ သိရပေမဲ့ တကယ်လို့ အသင်းတချို့ဟာ အက်ဖ်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲအထိ သွားခဲ့ရမယ်ဆိုရင် အဲဒီအသင်းရဲ့ ကစားသမားတွေဟာ ပွဲပန်းမှုဒဏ်ကို ခံရနိုင်ပါတယ်။ […]

၂၀၂၁အာဖရိကဖလားပြိုင်ပွဲကို ဇန်နဝါရီမှာပြန်ကျင်းပတော့မယ်

January 17, 2020 Pan Da 0

၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားတဲ့ ကင်မရွန်းနိုင်ငံက ပြိုင်ပွဲကျင်းပချိန်ပြောင်းလဲခဲ့ပြီးနောက် ဇန်နဝါရီ ၉ ရက်နေ့မှာပဲ စတင်ကျင်းပဖြစ်တော့မယ်လို့ ထုတ်ဖော် ကြေညာလိုက်ပါတယ်။ အဲဒီပြိုင်ပွဲကို အစပိုင်းက ဇွန်၊ ဇူလိုင်လတွေမှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပေမဲ့ အဲဒီနှစ်ရဲ့ နိုင်ငံအတွင်း ရာသီဥတုအခြေအနေက မကောင်းမွန်နိုင်တာကြောင့် ပြောင်းလဲခဲ့တာလို့လည်း သိရပါတယ်။ ဒီလို […]

ရပ်ရှ်ဖို့ဒ်ကို ထည့်သုံးမိတဲ့အပေါ် နောင်တရနေတဲ့ ဆိုးလ်ရှား

January 17, 2020 Pan Da 0

မန်ယူနည်းပြ ဆိုးလ်ရှားက ဝုဗ်အသင်းကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် နောက်ကျော ဒဏ်ရာရသွားပြီးတဲ့နောက် အဲဒီကစားသမားကို ထုတ်သုံးမိတာ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်ခဲ့ရတယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ အဲဒီပွဲစဉ် ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တာ ဖြစ်ပေမဲ့ ၁၆ မိနစ်အကြာမှာပဲ ဒဏ်ရာပြဿနာကြောင့် ကွင်းပြင်ပြန်ထွက်ခဲ့ရတာပါ။ ဒါကြောင့် […]

အင်တာမီလန်က သူ့အတွက်အကောင်းဆုံးရွေးချယ်မှုလို့ဆိုတဲ့ လူကာကူ

January 15, 2020 Pan Da 0

ဘယ်လ်ဂျီယံတိုက်စစ်မှုးလူကာကူကတော့ အင်တာမီလန်ဟာ သူ့အတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။ လူကာကူဟာ မန်ချက်စတာယူနိုက်တက်မှာကစားစဉ်က ခြေစွမ်းပိုင်းနဲ့ပတ်သတ်ပြီး မကြာခဏဝေဖန်ခံခဲ့ရသူဖြစ်ပေမယ့် ယခုအင်တာမီလန်မှာတော့ အသင်းတိုက်စစ်ကိုအကောင်းဆုံးဦးဆောင်ပြီးဂိုးတွေသွင်းယူပြနေတာဖြစ်ပါတယ်။ လူကာကူက “ အသင်းဖော်တွေ၊နည်းပြ၊ နောက်ကွယ်ကဝန်ထမ်းတွေနဲ့ အသင်းပရိတ်သတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။ အင်တာကကျွန်တော့်ရဲ့အကောင်းဆုံးရွေးချယ်မှုပါ။ ကျွန်တော် ဒီမှာပိုမိုကြီးထွားလာပြီဖြစ်ပြီး ကျွန်တော့်ရဲ့လုပ်နိုင်စွမ်းကိုပေးဆပ်ချင်ပါတယ်။ ကျွန်တော့်တာဝန်က အသင်းကိုကူညီဖို့ကလွဲပြီးတခြားမရှိပါဘူး။ အသင်းပရိတ်သတ်တွေဘာလိုချင်တယ်ဆိုတာကို သိထားပြီး ကျွန်တော်ဆက်လုပ်ပြမှာပါ။ သေချာတာကတော့ […]

နည်းပြဟောင်းဗယ်ဗာဒီကိုနှုတ်ဆက်စကားဆိုခဲ့တဲ့ မက်ဆီ

January 15, 2020 Pan Da 0

ဘာစီလိုနာအသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြဗယ်ဗာဒီကိုထုတ်ပယ်ပြီး ဘက်တစ်နည်းပြဟောင်းဆီတီယန်းနဲ့အစားထိုးလိုက်ပြီဖြစ်ပါတယ်။ အသင်းကနေထုတ်ပယ်ခံရတဲ့အတွက် ဗယ်ဗာဒီကံမကောင်းခဲ့ဘူးလို့ဆိုရမှာဖြစ်ပြီး ဘာစီလိုနာကစားသမားဖြစ်တဲ့မက်ဆီကတော့ ဗယ်ဗာဒီအတွက် ကျေးဇူးတင်နှုတ်ဆက်စကားပြောကြားပေးခဲ့ပါတယ်။ မက်ဆီဟာသူ့ရဲ့ တွစ်တာအကောင့်ကနေပြီး “ အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်ဂတ်ဖာ။ ခင်ဗျားဘယ်သွားသည်ဖြစ်စေအကောင်းဆုံးတွေပဲဖြစ်မယ်ဆိုတာကျွန်တော်ယုံပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားဟာ ထိပ်တန်းပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ပြီး လူပုဂ္ဂိုလ်ကောင်းတစ်ယောက်မို့လို့ပါပဲ။ ကံကောင်းပါစေ”လို့ ရေးတင်ထားတာပါ။ မက်ဆီဟာ ဗယ်ဗာဒီလက်အောက်မှာ ပြိုင်ပွဲစုံသွင်းဂိုး(၁၁၂)ဂိုးသွင်းနိုင်ခဲ့ပြီး လာလီဂါဖလားနှစ်ကြိမ်၊ ကိုပါဒယ်ရေးတစ်ကြိမ်နဲ့ […]