ခွေးလေးတွေကိုအစာကျွေးပြီးကုသိုလ်ယူနေကြတဲ့ ရွှေစုံတွဲ

May 31, 2019 Yuki 0

ရေပန်းစားလှတဲ့ ရွှေနှစ်ရွှေစုံတွဲလေးကတော့ ချစ်သူဘဝကနေစပြီး လင်မယားဖြစ်နေတဲ့အထိကို ကြင်ကြင်နာနာနဲ့ မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင်ကို တစ်ယောက်ကိုတစ်ယောက် ချစ်နေကြပြီး  တစ်နိုင်ငံလုံးရဲ့ ဝေဖန်မှုတွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ရွှေထူးနဲ့ရွှေမှံတို့ရဲ့ အိမ်ထောင်ရေးလေးက လည်း အပြန်အလှန် နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ထားကြလို့ ပျော်ရွှင်စရာဘဝလေးလဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာလည်း ကုသိုလ်ရေးနဲ့ အလှူအတန်းမှာလည်း လက်မနှေးတဲ့သူတွေဖြစ်ကြသလို တက်နိုင်သလောက်ကို သဒ္ဓါတရားထက်သန်စွာနဲ့ အမြဲတန်းလိုလို လှူတန်းနေကြတာပဲဖြစ်ပါတယ်။အရင်တစ်ခါတုန်းကလည်း ရွှေနှစ်ရွှေလင်မယားနှစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ စိတ်ဝေဒနာ […]

လက်ထပ်ပွဲလုပ်ဖို့မလိုဘူးလို့ပြောလိုက်တဲ့ Justin Bieber

May 31, 2019 Yuki 0

Justin Bieber နဲ့ Hailey ဟာ ပြီးခဲ့တဲ့ 2018 မှာ ရိုးရာအထိန်းအမှတ်နဲ့လက်ထပ်ခဲ့ကြပြီး ဇနီးမောင်နှံအရာမြောက်ခဲ့တာပါ။ ဒါပေမယ့်တရားဝင်လက်ထပ်ပွဲကြီးကိုတော့ ကျင်းပမယ်ဆိုပြီး အကြောင်းအမျိုးမျိုးနဲ့နောက်ကိုရွှေ့နေခဲ့တာသုံးကြိမ်ထက်မနည်းရှိပြီလို့ဆိုရမှာပါ။ ပထမဆုံးတစ်ခါ February လမှာလက်ထပ်ပွဲကျင်းပဖို့လုပ်ထားခဲ့ပြီးနောက်မှာ Justin ရဲ့ စိတ်ကျန်းမာရေးအခြေအနေကြောင့် နောက်ကိုရွှေ့သွားခဲ့ပြီး နောက်ထပ်တစ်ခါ လက်ထပ်ဖို့ ဖိတ်စာအနည်းငယ်ကိုတောင်ပို့ပြီး Hailey ဘက်က […]

ချစ်သူတွေဖြစ်နေပြီလို့ ထင်ကြေးပေးခံနေရတဲ့ Selena Gomez နဲ့ Niall Horan

May 31, 2019 Yuki 0

Selena Gomez ဟာဆယ်စုနှစ်တစ်ခုကြာအောင်ချစ်ခဲ့တဲ့ Justin Bieber ဆီက ရုန်းထွက်နိုင်ခဲ့ပြီးမှာ အရင်ကထက်အများကြီးပိုလှလာပြီး အလုပ်တွေလည်းအများကြီးလုပ်လာတာ ပရိသတ်တွေသတိထားမိကြမှာပါ။ Selena ရဲ့ The Dead Don’t Die ရုပ်ရှင်ဇာတ်ကားကြီးနဲ့ A Rainy Day In NewYork ရုပ်ရှင်ဇာတ်ကားကြီးတွေဟာလည်း မကြာခင်မှာရုံတင်ပြသတော့မှာဖြစ်ပြီး တစ်ကမ္ဘာလုံးကပရိသတ်တွေကလည်း […]

ဒွေးနဲ့တူတယ်လို့ပြောကြတဲ့အပေါ်တုံ့ပြန်လိုက်တဲ့ အောင်ရေချမ်း

May 31, 2019 Yuki 0

ဇာတ်လမ်းတွဲတွေနဲ့ အနုပညာအလုပ်တွေကိုစတင်လုပ်ကိုင်ခဲ့ပြီး အခုဆိုရင် ရုပ်ရှင်ကားကြီးတွေကိုပါ ရိုက်ကူးနေပြီဖြစ်တဲ့ သရုပ်ဆောင်အောင်ရေချမ်းကတော့ ပရိသတ်တွေက ဒွေးနဲ့တူတယ်ဆိုပြီးပြောနေကြပါတယ်။ အဲ့ဒီလိုပြောကြတဲ့အပေါ်မှာ သူခံစားရတဲ့သူရဲ့ စိတ်ခံစားမှုတွေကို Pann Pwint မီဒီယာနဲ့ အင်တာဗျူးမှာပြောပြသွားခဲ့တာရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းလေးတွေကိုပြောချင်လွန်းလို့ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေနဲ့တွဲပြီးအလုပ်လုပ်ရတဲ့အပေါ်ကခံစားချက်တွေကိုအောင်ရေချမ်းက “ကိုယ်အရမ်းကြိုက်ရတဲ့မင်းသားမင်းသမီးတွေနဲ့တွဲပြီးသရုပ်ဆောင်ရတဲ့အတွက်ကျနော်အရမ်းဝမ်းသာပါတယ်။ အသစ်တစ်ယောက်အနေနဲ့သူတို့နဲ့တွဲသရုပ်ဆောင်ရတယ်ဆိုရင်တော့ စိန်ခေါ်မှုကတော့ရှိတာပေါ့ ။ ဒီလိုမျိုးတွဲပြီးသရုပ်ဆောင်ရတယ်ဆိုတော့ သူတို့ကိုလည်း လေးစားရသလို ၊ […]

ထီပေါက်ရင် ခွေးဂေဟာဖွင့်ပြီး ခွေးပဲ မွေးလိုက်မယ်ဆိုတဲ့ မျိုးမျိုးခိုင်

May 31, 2019 Yuki 0

ခွေးလေခွေးလွင့်တွေကို အဆိပ်ချပြီး မသတ်စေချင်သူတွေထဲမှာ အနုပညာရှင်တွေလည်း ပါဝင်ပါတယ်။ ကိုယ်တိုင်လည်း တိရ စ္ဆာန် ချစ်တတ်သလို ခွေးလေခွေးလွင့်တွေကို တတ်စွမ်းသမျှ ကူညီနေတဲ့ အနုပညာရှင်တွေလည်း အထင်ကရ ရှိပါတယ်။ ဒီထဲမှာမှ ခွေးတွေ ကြောင်တွေကို ချစ်တတ်တဲ့ သရုပ်ဆောင် မျိုးမျိုးခိုင်က ခွေးလေခွေးလွင့်တွေကို ဂေဟာဖွင့်ပေးချင်တဲ့ အကြောင်း ခုလိုပြောပါတယ်။ […]

ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို မြင်ခဲ့ရကြောင်း ပြောပြလာတဲ့ကစ်ကစ်

May 31, 2019 Yuki 0

မတ်လ ၂၃ ရက် ညက ဟာသသရုပ်ဆောင် ကစ်ကစ် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေ လူမှု ကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ကျန်းမာရေး အခြေအနေအရ တစ်လလျှင် ရှစ်ကြိမ်ခန့် ကျောက်ကပ်ဆေးနေရတဲ့ ကစ်ကစ်က ရောဂါဒဏ်ကို အလူးအလဲ ခံနေရတာပါ။ ဘာမှ မစားမသောက်တော့ဘဲ အိပ်ရာထဲ ဘုန်းဘုန်းလဲနေတဲ့အချိန်မှာ ကြုံဆုံခဲ့ရတဲ့ […]

ရွှေမှူံက ယောက်ျားကိုပြုစုနေတာပဲအမြဲမြင်နေရတယ်ဆိုတဲ့ ငွေမှူံရတီ

May 31, 2019 Yuki 0

ရွှေမှူံရတီနဲ့ ငွေမှူံရတီဟာ သိပ်ချစ်ကြတဲ့ ညီအစ်မတွေဖြစ်ပြီး နှစ်ယောက်စလုံးအနုပညာဝါသနာပါပြီး အနုပညာလမ်းကိုလျှောက်လှမ်းနေကြတာချင်းလည်း တူကြတဲ့ညီအစ်မတွေပါ။ ဒါပေမယ့် ပရိသတ်တွေကတော့ ငွေမှူံနဲ့ရွှေမှူံက ပုံစံချင်းမတူပဲ တစ်မျိုးတစ်ဘာသာစီလို့ မှတ်ချက်ပေးထားကြပါတယ်။ ငွေမှူံဟာလည်း အခုဆိုရင် အနုပညာအလုပ်တွေတော်တော်များများလုပ်နေပြီး ထွန်းတောက်စပြုနေတဲ့ ကြယ်တစ်ပွင့်ဆိုရင်မမှားပါဘူး။ ငွေမှူံက မကြာသေးမီက ဧည့်သည် Press show ပြပွဲမှာ ရွှေမှူံတို့ဇနီးမောင်နှံနဲ့ပတ်သက်ပြီး […]

ချစ်သူကိုချုပ်ချယ်တတ်တယ်ဆိုတဲ့အဆိုတော်မီးနို

May 31, 2019 Yuki 0

မီးနိုဆိုတဲ့လူငယ်အဆိုတော်မလေးဟာ သွက်လက်တက်ကြွပြီးအမြဲတမ်းပျော်နေတတ်တဲ့ပုံလေးနဲ့ ပရိသတ်တွေကို ဖမ်းစားထားတာ အချိန်တစ်ခုကြာပြီဆိုရမှာပါ။ မကြာသေးခင်ရက်ပိုင်းတွေမှာမီးနိုကပိုပြီးနာမည်ကြီးလာသလိုအားပေးတဲ့ပရိသတ်တွေကလည်းတစ်နေ့တစ်ခြားပိုပြီးများပြားလာတာ ငြင်းလို့မရပါဘူး။ မီးနိုကမကြာသေးမီက 8days TVနဲ့အင်တာဗျူးမှာ ပရိသတ်တွေကို သူနှစ်ရှည်လများချစ်ခဲ့ရတဲ့ချစ်သူကောင်လေးနဲ့မိတ်ဆက်ပေးလာခဲ့ပါတယ်။မီးနိုက ချစ်သူနဲ့စတွေ့တုန်းကအကြောင်းကို “ဒါမီးနိုရဲ့ချစ်သူပေါ့နော်။ဝေယံဟိန်းကိုလို့ခေါ်ပါတယ်။ Celebrity တွေထွက်တဲ့ဟာတစ်ခုမှာ သူ့အစ်နဲ့ဆုံတာ။ သူ့ကိုစတွေ့တုန်းက သူကသေးသေးလေး ငယ်ငယ်လေး အသက်ဆယ့်ရှစ်လောက်ပဲရှိသေးတယ်။ မီးနိုနဲ့တစ်နှစ်ကြီးတစ်နှစ်ငယ်ဆိုတော့သူက အဲ့တုန်းက ဂူဂျွန်ဖြိုးခေတ်စားတော့ ဂူဂျွန်ဖြိုးကေနဲ့ […]

တစ်ခေတ်တစ်ခါက မြန်မာနာမည်ကျော်တွေရဲ့ရှားပါးဓာတ်ပုံတွေ

May 31, 2019 Yuki 0

အနုပညာဆိုတာဟာ လူသားမျိုးနွယ်ရဲ့ အပြောင်မြောက်ဆုံးဖန်တီးမှူတွေထဲကတစ်ခုလို့ဆိုရမှာဖြစ်ပြီး ခေတ်အဆက်ဆက်ကူးပြောင်းစီးဆင်းလာတဲအနပညာရေစီးကြောင်းဟာလည်း ဒီနေ့တိုင်ခမ်းခြောက်သွားခြင်းမရှိပဲ အရှိန်အဟုန်ကောင်းကောင်းနဲ့စီးဆင်းနေဆဲပါ။ အနုပညာမြတ်နိုးသူ ပရိသတ်တွေကလည်း အသစ်ထွက်ပေါ်လာသမျှအနုပညာတွေကို အားပေးနေဆဲဖြစ်သလို အရင်ခေတ်တွေတုန်းက လွှမ်းမိုးခဲ့တဲ့အနုပညာလက်ရာတွေ၊ချစ်ခဲ့စွဲလန်းခဲ့ရတဲ့အနုပညာရှင်တွေကိုလည်း သတိတရဖြစ်နေကြတုန်းပါပဲ။ အခုတလော ပရိသတ်တွေကြားထဲမှာ ပျံ့နှံ့လာခဲ့တာကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ နာမည်ကြီးအနုပညာရှင်တွေရဲ့ ငယ်ရွယ်နုပျိုတဲ့ရှားပါးဓာတ်ပုံတွေပဲဖြစ်ပါတယ်။ အဲဒီဓာတ်ပုံတွေထဲမှာ ပရိသတ်တွေအရူးအမူးစွဲလန်းခဲ့ရတဲ့ အနုပညာရှင်တော်တော်များများရဲ့ ငယ်ဘဝတွေ၊နုပျိုချိန်တွေနဲ့ ပျော်ရွှင်မှူတွေထင်ဟပ်နေတာကို […]

အမေကိုနှိပ်ပေးနေတဲ့ ချမ်းချမ်းသမီးအလိမ္မာတုံးလေးရဲ့ video

May 31, 2019 Yuki 0

ချမ်းချမ်းဟာ တစ်နိုင်ငံလုံးက ပရိသတ်တွေအားပေးမှုရရှိထားတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး ပြတ်သားစူးရှတဲ့အသံနဲ့ ရင်ထဲကိုထိတဲ့စာသားတွေပါဝင်တဲ့သီချင်းတွေနဲ့ ပရိသတ်တွေရဲ့နှလုံးသားထဲကိုထိုးဖောက်ဝင်ရောက်တတ်တဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ချမ်းချမ်းမှာဘုဏ်းသိုက်နဲ့ရထားတဲ့ သမီးချောလေးရှိပါတယ်။ သမီးလေးရဲ့ နာမည်ကတော့ က မြမိုးဂင်္ဂါ လို့ခေါ်ပြီး အသက်ငါးနှစ်ကျော်ပြီဖြစ်ပါတယ်။ မကြာသေးမီကပဲချမ်းချမ်းနဲ့ဘုဏ်းသိုက်ရဲ့အိမ်ထောင်ရေးသတင်းတွေက လူမှုကွန်ယက်မှာ အုတ်သြော်သောင်းတင်းဖြစ်သွားခဲ့ဖူးပေမယ့်လည်းအခုတော့ နှစ်ဖက်စလုံးက တည်ငြိမ်နေပြီဖြစ်သလို ချမ်းချမ်းကလည်း ချစ်သူအသစ်နဲ့ သမီးလေးနဲ့အတူပျော်ရွှင်အေးချမ်းစွာနေထိုင်နေတာလည်းဖြစ်ပါတယ်။ ချမ်းချမ်းက လတ်တလော […]