အမျိုးသားဥပဒေနဲ့ ငြိလို့ ဆက်မလွှင့်တော့ပဲ ရပ်သွားဖို့ရှိတဲ့ မြောက်ကိုရီးယားဗိုလ်ကြီးကား

January 24, 2020 Zin 0

ကိုရီးယားရုပ်ရှင်လောကကို စံချိန်ချိုးပြီး တစ်ကမ္ဘာလုံးက စောင့်ကြည့်အားပေးကြတဲ့ Crush Landing On You ဇာတ်ကားကိုတော့ ပရိသတ်တွေတော်တော်များများကြည့်ရှုအားပေးကြမယ် ထင်ပါတယ်။ မြောက်ကိုရီးယားဗိုလ်ကြီးဇာတ်ကားဟာ မြန်မာနိုင်ငံမှာလည်း အနုပညာရှင်တွေသာမက ပရိသတ်တွေပါ တခဲနက်စွဲလန်းအားပေးကြပြီး တစ်နိုင်ငံလုံး ဗိုလ်ကြီးမှဗိုလ်ကြီးဖြစ်နေတယ်လို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့ အပတ်ကလည်း တစ်ပတ်တစ်ခါအပိုင်းသစ်လွှင့်နေကျ ဗိုလ်ကြီးဇာတ်ကားက တစ်ပတ်အနားယူပြီး နောက်အပတ်မှ […]

အင်စတာဂရမ်မော်ဒယ်တွေနဲ့ ပါတီပွဲလုပ်ခဲ့တဲ့မန်စီးတီးအသင်းသားများ

January 18, 2020 Pan Da 0

မန်စီးတီးအသင်းသားတွေဟာ အက်စတွန်ဗီလာအသင်းကို (၆-၁)ဂိုးနဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲအပြီးမှာ အင်စတာဂရမ်ကမော်ဒယ်တွေကိုခေါ်ပြီး ပါတီပွဲလုပ်သွားခဲ့ပါတယ်။ ပါတီပွဲကိုသွားခဲ့တဲ့ မော်ဒယ်တွေထဲကတချို့က ဒီပုံတွေကိုတင်ခဲ့ပြီးနောက်မှာတော့ လူအများသိရှိသွားတာပါ။ ဒီတစ်ခါတော့ နည်းပြဖြစ်တဲ့ ဂွါဒီယိုလာသဘောကောင်းနေပုံရပြီး ဒီပါတီပွဲလုပ်မယ်ဆိုတာကို သူကိုယ်တိုင်သိတယ်လို့ ကာကွယ်ပြောကြားသွားခဲ့ပါတယ်။ ဂွါဒီယိုလာသိတယ်ဆိုပေမယ့် မန်စီးတီးကစားသမားတွေထဲမှာ အိမ်ထောင်သည်တွေလည်းပါနေတဲ့အတွက် ပါတီမှာကဲခဲ့တဲ့ အိမ်ထောင်သည်အသင်းသားတွေကတော့ အိမ်သူသက်ထားနဲ့ကွိုင်တက်ဖို့များနေပါပြီ။ ဒီသတင်းကိုအစဖော်ခဲ့တာက Mirrorသတင်းစာကဖြစ်ပြီး ပါတီပွဲလုပ်ခဲ့တဲ့ပုံတွေကို […]

တပည့်ဟောင်းမော့ဆက်ကို စိတ်ဝင်စားနေတဲ့ အင်တာမီလန်နည်းပြကွန်တီ

January 18, 2020 Pan Da 0

အင်တာမီလန်နည်းပြကွန်တီဟာ ချဲလ်ဆီးအသင်းကိုကိုင်တွယ်ခဲ့စဉ်က အတွဲညီခဲ့တဲ့တပည့်ဟောင်းမော့ဆက်ကိုစိတ်ဝင်စားနေတယ်လို့သိရပါတယ်။ မော့ဆက်ဟာ ယခုရာသီမှာတော့ ဖီနာဘာချီအသင်းထံအငှားနဲ့သွားရောက်ကစားနေရပြီး ချဲလ်ဆီးနည်းပြသစ်လမ်းပတ်လက်ထက်မှာ နေရာမရခဲ့တာဖြစ်ပါတယ်။ ကွန်တီကတော့ တပည့်ဟောင်းဖြစ်တဲ့မော့ဆက်နဲ့ပြန်လည်ပေါင်းစည်းဖို့ဆန္ဒရှိနေတာဖြစ်ပြီး ယူရို(၁၀)သန်းနဲ့အရခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းကစားသမားပိုလီတာနိုနဲ့ ရိုးမားအသင်းကစပင်နယ်ဇိုလာတို့ကိုအလဲအလှယ်လုပ်ဖို့ကြိုးစားခဲ့ပေမယ့် ညှိနှိုင်းမှုပျက်ပြယ်ခဲ့ရပြီး ယခု မော့ဆက်ဘက်ကိုမျှားဦးလှည့်လာတာပါ။ အင်တာမီလန်အသင်းဟာ ယခုဈေးကွက်အတွင်း ခပ်သွက်သွက်လှုပ်ရှားနေပြီး ဂျရူးကိုနှစ်နှစ်စာချုပ်နဲ့ ပုဂ္ဂိုလ်ရေးအရသဘောတူညီမှုရယူခဲ့နိုင်ပြီဖြစ်သလို မန်ချက်စတာယူနိုက်တက်က အက်ရှ်လေယန်းကိုလည်း […]

ချန်ပီယံလိဂ်ဖလားကို မန်စီးတီးရနိုင်တယ်လို့ ဒယ်ပီယာရိုသုံးသပ်

January 18, 2020 Pan Da 0

ဂျူဗင်တပ်ဂန္ထဝင်ကစားသမား ဒယ်ပီယာရိုက ဒီရာသီ ချန်ပီယံလိဂ်ဖလားကို လီဗာပူးဆီကနေ မန်စီးတီး လွှဲပြောင်းရယူနိုင်ခြေရှိနေတယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီရာသီချန်ပီယံလိဂ် ရဲ့ ရှုံးထွက်အဆင့်ကို အုပ်စုထိပ်ဆုံးနေရာကနေ တက်ရောက်ထားနိုင်ပြီး ၁၆ သင်းအဆင့်မှာ နည်းပြဇီဒန်းကိုင် တွယ်နေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာပါ။ လက်ရှိချန်ပီယံ လီဗာပူးအသင်းကတော့ ၁၆ သင်းအဆင့်မှာ အက်သလက်တီကိုအသင်းနဲ့ […]

လီဗာပူးလ်-ယူနိုက်တက်ပွဲကိုစိတ်မဝင်စားဘူးလို့ဆိုတဲ့ ဂွါဒီယိုလာ

January 18, 2020 Pan Da 0

မန်စီးတီးဂွါဒီယိုလာကတော့ ယခုတစ်ပတ်မှာကစားမယ့် လီဗာပူးလ်-ယူနိုက်တက်ပွဲစဉ်ကိုစိတ်မဝင်စားဘူးလို့ပြောလိုက်ပါတယ်။ အမှတ်ပေးဇယားထိပ်မှာဦးဆောင်နေတဲ့ လီဗာပူးလ်ဟာ ပွဲကျပ်အဖြစ်မန်ချက်စတာယူနိုက်တက်နဲ့တွေ့ဆုံနေတာဖြစ်ပြီး အမှတ်လျော့သွားနိုင်တဲ့အနေအထားရှိနေတာဖြစ်ပေမယ့် ဂွါဒီယိုလာကတော့ မျှော်လင့်ချက်မထားတော့ဘူးလို့ ပြောလိုက်တာပါ။ ဂွါဒီယိုလာက “လီဗာပူးလ်နဲ့က ကျွန်တော်တို့အမှတ်တော်တော်ပြတ်နေပါပြီ။ ဒီတော့လီဗာပူးလ်နဲ့ပတ်သတ်ပြီး ကျွန်တော်ဘာမှမမျှော်လင့်တော့ပါဘူး။ ရာသီကုန်ချိန်ထိ ပြိုင်ပွဲစုံမှာတိုးတက်မှုတွေရှိပြီး ပိုကောင်းအောင်အာရုံစိုက်ဖို့ပဲရှိပါတယ်။ ပရီးမီးယားလိဂ်မှာလည်း တစ်ပွဲချင်းစီအတွက်ပဲပြင်ဆင်ရတော့မှာပါ။ မန်စီးတီးက ကျွန်တော့်ကိုမထုတ်ရင် နောက်ထပ်တစ်နှစ်ဆက်နေရုံပါပဲ။ ဒါကိုကြေညာနေစရာမလိုပါဘူး။ စာချုပ်သက်တမ်းကျန်ပါသေးတယ်။ […]

အသက် ၂၆ နှစ်နဲ့တင် ဆုဖလား ၁၇ လုံးပိုင်ထားတဲ့ ဗာရာနီ

January 18, 2020 Pan Da 0

ရီးရဲလ်မက်ဒရစ်နောက်ခံကစားသမား ဗာရာနီဟာ အသက် ၂၆ နှစ်အရွယ်မှာတင် ဆုဖလား ၁၇ လုံးအထိ ပိုင်ဆိုင်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီပြင်သစ်သား ကစားသမားကို ၂၀၁၁ ခုနှစ်မှာ လန်းစ်အသင်းကနေ ရီးရဲလ်မက်ဒရစ်က ယူရို ၁၀ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး အသင်းမှာ တောက်လျှောက် ခြေစွမ်းပြလာနိုင်ခဲ့သလို ရီးရဲလ်သမိုင်းမှာ ဆုဖလားအများဆုံးရတဲ့ […]

လူငယ်ခြေတက် ရီစီဂျိမ်းစ်ကို ချဲလ်ဆီး ကာလရှည် သက်တမ်းတိုးလိုက်ပြီ

January 18, 2020 Pan Da 0

ချဲလ်ဆီးအသင်းဟာ လူငယ်ခြေတက် နောက်ခံကစားသမားဖြစ်တဲ့ ရီစီဂျိမ်းစ်ကို ကာလရှည်စာချုပ်သက်တမ်း တိုးမြှင့်လိုက်ပြီး ဒီစာချုပ်ကြောင့် ရီစီဂျိမ်းစ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ၂၀၂၅ ခုနှစ် နွေရာသီကာလအထိ ဆက်ရှိ နေတော့မှာဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ရီစီဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ဂရင်စဘီကို ၇-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား […]

ဘရူနိုဖာနန်ဒက်စ်အတွက် အကုန်အကျများမယ့် ယူနိုက်တက်

January 17, 2020 Pan Da 0

မန်ချက်စတာယူနိုက်တက်ဟာ စပို့တင်းကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်အတွက် ငွေအမြောက်အမြားသုံးစွဲရဖို့ရှိနေပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကို လွယ်လွယ်နဲ့လက်မလွှတ်ဘူးလို့ စပို့တင်းအသင်းဘက်က ပြောဆိုထားပြီး ပြောင်းရွေ့ကြေးကိုလည်း မြင့်မားစွာလိုချင်နေတာပါ။ မန်ချက်စတာယူနိုက်တက်ဘက်က ဘရူနိုဖာနန်ဒက်စ်အတွက် ပေါင်(၅၁)သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် စပို့တင်းလစ္စဘွန်းအသင်းဘက်ကပယ်ချခဲ့ပြီး ယခုထက်မြင့်မားတဲ့ပြောင်းရွေ့ကြေးကိုလိုချင်နေတာဖြစ်ပါတယ်။ စပို့တင်းနည်းပြဆီလက်ကတော့ “ သူက မတူကွဲပြားပြီးထူးခြားတဲ့ကစားသမားပါ။ ဒီပေါ်တူဂီလိဂ်မှာအကောင်းဆုံးနဲ့တန်ဖိုးအကြီးဆုံးကစားသမားလည်းဖြစ်ပါတယ်။ ဒီရာသီကသူ့ရဲ့နောက်ဆုံးရာသီလည်းဖြစ်နိုင်ပါတယ်။ လူတွေပြောနေကြတာကျွန်တော်ကြားပါတယ်။ ဘရူနိုက ငွေအများကြီးတန်ကြေးမရှိဘူးဆိုတာပါ။ ဒါတွေကမဟုတ်ပါဘူး။ တကယ်တော့ […]

မက်ဆီကို ဘာအကူအညီမှမပေးခဲ့ရဘူးလို့ဆိုလိုက်တဲ့ ရော်နယ်ဒင်ညို

January 17, 2020 Pan Da 0

ဘရာဇီးလ်နဲ့ဘာစီလိုနာဂန္တဝင်ရော်နယ်ဒင်ညိုကတော့ အသင်းဖော်ဟောင်းလီယွန်နယ်မက်ဆီနဲ့ပတ်သတ်တဲ့အကြောင်းအရာတချို့ကိုဖွင့်ဟခဲ့ပြီး ချီးကျူးပြောဆိုမှုတွေပြုလုပ်သွားပါတယ်။ ရော်နယ်ဒင်ညိုဟာ မက်ဆီရဲ့စီနီယာကစားသမားတစ်ဦးလည်းဖြစ်ပြီး မက်ဆီရဲ့ဘာစီလိုနာကစားသမားဘဝပထမဆုံးဂိုးကို ဖန်တီးပေးခဲ့သူလည်းဖြစ်ပါတယ်။ မက်ဆီနဲ့တွဲကစားတဲ့ကာလတစ်လျှောက်ရော်နယ်ဒင်ညိုကလက်တွဲခေါ်ခဲ့တယ်ဆိုတဲ့ထင်မြင်ချက်တွေလည်းရှိခဲ့ပြီး ရော်နယ်ဒင်ညိုကတော့ ယခုလိုပဲဖွင့်ဟသွားပါတယ်။ “ကျွန်တော်ဘာစီလိုနာကိုစ‌ရောက်တည်းက မက်ဆီရဲ့နာမည်က အသင်းကြီးမှာရေပန်းစားနေပါပြီ။ နောက်တော့ သူနဲ့ကျွန်တော်ခင်မင်သွားခဲ့ပါတယ်။ သူနဲ့အတူစတွဲကစားခဲ့ပြီး အရမ်းကောင်းပါတယ်။ ဒါကြောင့် မက်ဆီကို ကျွန်တော်တို့စီနီယာကစားသမားတွေနဲ့အတူလေ့ကျင့်စေဖို့ နည်းပြရီကတ်ကို ဝိုင်းပြီးပြောခဲ့ကြပါတယ်။ ကံကောင်းစွာနဲ့ ကျွန်တော်က သူ့ရဲ့ပထမဆုံးကစားသမားဘဝသွင်းဂိုးရအောင်ဖန်တီးသူဖြစ်ခဲ့ပါတယ်။ […]

ချန်ပီယံလိဂ်ဝင်ခွင့်ရရင် အပိုဆုကြေးရမယ့် မော်ရင်ဟို

January 17, 2020 Pan Da 0

စပါးနည်းပြ မော်ရင်ဟိုအနေနဲ့ အသင်းကို နောက်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရအောင် လုပ်ပေးနိုင်ခဲ့မယ် ဆိုရင် အပိုဆုကြေးအနေနဲ့ ပေါင် ၂ သန်းရရှိနိုင်မယ်လို့ သိရပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက တည်းက ပိုချက်တီနိုနေရာ အစားဝင်လာခဲ့သူဖြစ်ပြီး စပါးအသင်းရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်မယ်ဆို ရင် အဲဒီဆုကြေးကို ရမှာပါ။ မော်ရင်ဟို စတင်ကိုင်တွယ်ချိန်က […]