ရီးရဲအသင်းကိုပြောင်းရွေ့ချင်ခဲ့တဲ့ ထရာအိုရေး

January 2, 2020 N2 Tit 0

ဝုဗ်အသင်းတောင်ပံကစားသမား ထရာအိုရေးဟာ စပိန်ထိပ်သီးရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွေ့ချင်ခဲ့တယ်လို့ဆိုလိုက်ပါတယ်။ ထရာအိုရေးဟာ ဘာစီလိုနာအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ရီးရဲအသင်းရဲ့ ချိတ်ဆက်မှုငိုလည်း ခံခဲ့ရတယ်လို့သူကိုယ်တိုင်ဖွင့်ဟပြောကြားခဲ့တာဖြစ်ပါတယ်။ ထရာအိုရေးက ‘တကယ်လို့ ဘာစီလိုနာကိုသာမရောက်ဖြစ်ရင် ကျွန်တော်ရီးရဲမက်ဒရစ်ကိုရောက်နေလောက်ပါပြီ။ ကျွန်တော်က ဘယ်တံခါးကိုမှပိတ်မထားပါဘူး။ ကျွန်တော် ဘာစီလိုနာနဲ့နားလည်မှုလွဲခဲ့ပါတယ်။ စပိန်မှာြပန်ကစားဖို့ဆိုတာ ဘာလို့မဖြစ်နိုင်ရမှာလဲလို့ပြောချင်ပါတယ်။ ဒါပေမဲ့ အင်္ဂလန်ရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်’လို့ပြောကြားခဲ့ပါတယ်။ ထရာအိုရေးဟာ ဘာစီလိုနာအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပေမယ့် အသင်းကြီးမှာ […]

ဇာဟာကို ကြေးကြီးရမှရောင်းမယ့် ပဲလေ့စ်အသင်း

January 2, 2020 N2 Tit 0

တောင်ပံကစားသမားဇာဟာဟာ ရောင်းရန်မဟုတ်ပေမယ့် ကမ်းလှမ်းမှုကြီးကြီးမားမားရပါက စဉ်းစားပေးမယ်လို့ ခရစ္စတယ်ပဲလေ့စ်နည်းပြ ရွိုင်းဟောဒ့်ဆန်ကပြောကြားလိုက်ပါတယ်။ ဇာဟာကို အဲဗာတန်၊ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ကစိတ်ဝင်စားနေပြီး ပြောင်းရွေ့ကြေးအမြောက်အမြားရပါက ခရစ္စတယ်ပဲလေ့စ်အသင်းက လက်လွှတ်ဖွယ်ရှိနေတာဖြစ်ပါတယ်။ နည်းပြရွိုင်းဟောဒ့်ဆန်က ‘ ဇာဟာက ရောင်းဖို့မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်အာမတော့ခံစရာမလိုပါဘူး။ ကျွန်တော်တို့ဇာဟာကို ရောင်းထုတ်ဖို့ မကြိုးစားပါဘူး။ ဇာဟာကို ထိန်းထားနိုင်ဖို့ကြိုးစားနေတာပါ။ ဒါပေမဲ့ […]

မန်စီးတီးအတွက် ကစားပေးနိုင်တော့မယ့်လာပေါ်တေး

January 2, 2020 N2 Tit 0

ဒဏ်ရာကြောင့်အနားယူနေရတဲ့ နောက်ခံလူလာပေါ်တေးဟာ လာမယ့်တစိပတ်ဒါမှမဟုတ် ဆယ်ရက်အတွင်း မန်စီးတီးအသင်းအတွက်ပြန်ကစားပေးနိုင်တော့မှာဖြစ်ပါတယ်။ လာပေါ်တေးဟာ သြဂုတ်လအတွင်းက ကစားတဲ့ ဘရိုက်တန်အသင်းကို လေးဂိုးပြတ်နဲ့အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လာပေါ်တေးမကစားနိုင်တဲ့နောက်ပိုင်းမှာ မန်စီးတီးအသင်းလည်းရလဒ်တွေဆိုးခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ ဂွါဒီယိုလာက ‘ လာပေါ်တေးနဲ့ ဆာနေးက နားနေရတုန်းပါ။ လာပေါ်တေးရဲ့အခြေအနေကပိုကောင်းလာပြီး တစ်ဦးတည်း လေ့ကျင့်ခန်းတွေလုပ်နေနိုင်ပါပြီ။ သူကွင်းထဲတော့ ပြန်ခြေချနေပါပြီ။ ဘယ်အချိန်ပြန်ကစားမလဲ […]

ဘင်ဖီကာကိုပြောင်းရွေ့ခဲ့တဲ့ ဒေါ့မွန်ကွင်းလယ်လူဝိုင်ဂယ်

January 2, 2020 N2 Tit 0

ဒေါ့မွန်ကွင်းလယ်လူဝိုင်ဂယ်ကတော့ ထိပ်သီးအသင်းတွေရဲ့ ကမ်းလှမ်းမှုကိုငြင်းပယ်ပြီး ဘင်ဖီကာအသင်းကိုပြောင်းရွေ့ဖို့ သဘောတူညီမှုရယူခဲ့ပြီလို့သိရပါတယ်။ ဝိုင်ဂယ်ကိုအင်တာမီလန်၊ မန်ချက်စတာယူနိုက်တက်အသင်းအပညအဝင် အသင်းကြီးတွေကစိတ်ဝင်စားခဲ့ပေမယ့် ဝိုင်ဂယ်ကတော့ ဘင်ဖီကာကိုသာရွေးချယ်ခဲ့တာပါ။ ပီအက်စ်ဂျီနည်းပြတူဟယ်ကလည်း ဝိုင်ဂယ်ကိုစိတ်ဝင်စားတယ်လို့ အတိအလင်းဝန်ခံဖူးပြီး ဝိုင်ဂယ်ကတော့ ဇန်နဝါရီကာလမှာတင် အသင်းပြောင်းဖို့ဆုံးဖြတ်လိုက်တာပါ။ ဝိုင္ဂယ်က ‘ကျွန်တော့်အသင်းဖော်တွေ၊ဒေါ့မွန်ဝန်ထမ်းတွေ၊ပရိတ်သတ်တွေနဲ့ ဒီအသင်းမှာကြီးမြတ်တဲ့အခိုက်အတန့်တွေကြုံခဲ့ရတဲ့အတွက် ကျေးဇူးပဲလို့ပြောချင်ပါတယ်။ ဒေါ့မွန်ကကျွန်တော့်နှလုံးသားထဲမှာအမြဲရှိနေမယ့်အသင်းပါ’လို့ပြောကြားခဲ့ပြီး ဒေါ့မွန်အားကစားဒါရိုက်တာ မိုက်ကယ်ဇောဖ့်ကလည်း ‘ကလပ်အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့တဲ့ […]